Shopping Mall ထဲမှာလက်ချင်းချိတ်ပြီးလျှောက်နေသူနှစ်ဦးဆီ အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြတာကသိသိသာသာ ပြီးပြည့်စုံလွန်းတဲ့အမျိုးသားရယ်သိပ်လှတဲ့အမျိုးသမီးရယ် ယှဉ်တွဲတွေ့ရမှုဟာ လှပတဲ့မြင်ကွင်းလေးပဲမဟုတ်လား
" မီ ဗိုက်ဆာပြီလား"
လက်ကိုမလွတ်တန်းးချိတ်ပြီး center ထဲခြေထောက်မညောင်းသလို တဆိုင်ဝင်တဆိုင်ထွက် ဈေးဝယ်နေတဲ့ မီကြောင့် ထယ်ယောင်းစကားဆိုလိုက်တယ်
" အင်း..ကင်မ်ရော"
" ကိုယ်ရောပဲ"
လက်မောင်းပေါ်မျက်နှာအပ်ကာခေါင်းလေးမော့ပြီးမေးလာတဲ့အမေးစကားကို ထယ်ယောင်းအပြုံးလေးသုံးပြီးဖြေလိုက်တယ် သူတကယ်လည်းဗိုက်ဆာနေပါပြီ
" အဲ့ဒါဆို မီဘယ်ဆိုင်သွားချင်လဲ centerထဲကဆိုင်မှာပဲ စားလိုက်မလား"
" ကင်မ်သဘောပါ..မီက ကင်မ်အတူဆို ဘယ်မှာဖြစ်ဖြစ်အဆင်ပြေတယ်"
မျက်ဝန်းလှလှလေးတွေမှေးမှိတ်သွားလောက်တဲ့အထိပြုံးပြီးပြောနေတဲ့ မီကြောင့်ထယ်ယောင်း ခေါင်းသာညိတ်ပြလိုက်တယ်
အေးအေးညိမ့်ညိမ့်လေးပျံ့လွင့်နေတဲ့ ဂီတသံစဉ်လေးကဆိုင်အတွင်းမှာ ပျံ့လွင့်နေတာ မှန်ပြတင်းပေါက်ကနေစီးကျနေတဲ့ မိုးရေစက်လေးတွေကြောင့် ရာသီဥတုနဲ့ သီချင်းသံလေးကလိုက်ဖက်မှုရှိလွန်းနေတာ centerထဲကဆိုင်တွေမှာ တော်ရုံစားလေ့မရှိပေမယ့် ခုဗိုက်ဆာနေကတကြောင်း ဆိုင်ရဲ့အနေထားလေးကလည်းတိတ်တဆိတ်လေးနဲ့မို့ ထယ်ယောင်းဒီဆိုင်လေးကိုပဲရွေးမိလိုက်တယ်
" မီ ဘာစားချင်လဲ ကိုယ်သွားမှာပေးမယ်လေ"
" pizzaနဲ့ coffee ပဲမှာရင်ကောင်းမလား ကင်မ်.. ရာသီဥတုလေးနဲ့လိုက်သလို ကင်မ်နဲ့လည်းဆင်တူလေးစားချင်လို့"
" ကောင်းပါပြီ ကိုယ်သွားမှာလိုက်မယ်နော်"
အမှန်ဆို ထယ်ယောင်း coffee မကြိုက်ပါ ဘယ်လိုရာသီဥတုမျိုးမှာမဆို juice တစ်ခွက်ကသာ ထယ်ယောင်းအတွက် favouriteလေ ဒါပေမယ့်လည်း
ဒါတွေက နောက်မှပြောပြလို့ရတဲ့ကိစ္စတွေပဲမဟုတ်လား ထယ်ယောင်းမှာထားတဲ့ coffeeနဲ့ pizzaကို စားပွဲဝိုင်းဆီ ယူဆောင်လာတော့ မီကပြုံးပြရင်း ph ကင်မရာမီးလေးကပါ ဖြတ်ခနဲဖြစ်သွား တယ် ထယ်ယောင်းဘာလို့လဲဆိုတဲ့ အမူရာနဲ့မျက်ခုံးပင့်ပြတော့ ရှက်ပြုံးလေးနဲ့ ခေါင်းလေးခါပြလာတယ် ထယ်ယောင်းစားပွဲဝိုင်းဆီသာအမြန်လျှောက်လှမ်းသွားလိုက်တော့တယ်
![](https://img.wattpad.com/cover/324045292-288-k706887.jpg)
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်