part(9)

1.7K 85 2
                                    

တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ခံထားရတဲ့ လက်ကိုရုန်းထွက်ဖို့မေ့နေတာလား မရုန်းထွက်ချင်တာလားဆိုတာ သူကိုယ်တိုင်မသေချာတဲ့ အဖြေပါ
ကားပါကင်ရောက်တော့ ရှေ့မှဦးဆောင်နေသူက ခြေလှမ်းတွေကိုတုန့်ကနဲ ရပ်လိုက်တယ်

" ကဲပြောပါဦးဗျ..ဘယ်လိုနည်းနဲ့ အဆင်ပြေအောင်လုပ်ပေးမလဲဆိုတာ"

ခါးကိုအနည်းငယ်ကိုင်းပြီး ဝတ်ထားတဲ့လည်သာဘောင်းဘီအိတ်ကပ်ထဲကို လက်နှစ်ဖက်ထည့်ခါမေးနေပုံက အချိုးတစ်စက်လေးမှမပြေ ကိုင်းညွန့်ထားတဲ့အနေထားကြောင့် ကြယ်သီးဟပြဲဖြစ်နေတဲ့ ကျားသစ်ကွက်အင်္ကျီအောက်မှာ မြင်နေရဲ့ ရင်အုပ်ကျယ်ကျယ်က စိတ်ပျက်စရာ ဘယ်လိုအတွက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒ်ီလို ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ရှိနေရတာပါလိမ့်

"အဟမ်း...မင်းမျက်နှာ အနောက်နည်းဆုပ်ပေး"

"ဘာလို့လဲ စိတ်မထိန်းနိုင်ပဲ နမ်းမိမှာစိုးလို့လား "

မချိုမချဉ်မျက်နှာပေးနဲ့မေးလာပုံက ဆွဲထိုးပြစ်ချင်စရာ

" ငါမင်းနဲ့ ကစားနေဖို့အချိန်မရှိဘူး ချာတိတ်"

" ကျုပ်ကရော သိပ်အားယားနေတယ်များမှတ်နေလား"

" မသိနိုင်ဘူးလေ အလကားနေရင်းဟိုတယ်ထိလာပြီး ပြဿနာရှာနေနိုင်တာဆိုတော့"

ခပ်ရွဲ့ရွဲ့ပြောလိုက်တဲ့သူ့စကားကို lip piercing ရှိတဲ့အောက်နှုတ်ခမ်းပါးအား ဖိကိုက်ပြီးပြုံးနေပြန်တာ

" ဟုတ်ပြီ ခုငါပြောမယ် မင်းမေးတဲ့ ဒီမှာဘာလုပ်နေတာလဲဆိုတဲ့ မေးခွန်းကိုဖြေပေးမယ် ဒါငါပိုင်တဲ့ဟိုတယ်တွေထဲကတခုပဲ.."

"အဟွန့်!.."

စကားမဆုံးခင်ရယ်လိုက်သူကြောင့် ထယ်ယောင်းမျက်ခုံးတွေတွန့်ချိုးပြီးကြည့်လိုက်တယ်

"ကိုယ်ပြောတဲ့ ထဲမှာရယ်စရာပါနေလား ချာတိတ်"

" ခင်ဗျားကြွားတဲ့ ပုံစံလေးကိုသဘောကျလို့ပါ အဟက်!"

"မင်း..."

" စတာပါဗျ...ဆက်ကြွား..မဟုတ်ပါဘူး ဆက်ပြောလို့.."

မျဥ်းပြိုင်(Completed) Where stories live. Discover now