part(4)

2K 104 1
                                    

မနေ့က မီနဲ့ကိစ္စကို မေမေသိပြီထင်ထားပေမယ့် မီပြန်မပြောတဲ့အတွက်မေမေမသိခဲ့ဘူးဆိုတော့ တော်သေးတာပေါ့ အင်းလေ မီလည်းသူ့လိုအရွယ်ရောက်ပြီးသားသူပဲ နားလည်မှုရှိမှာပေါ့ ဟိုအရွယ်မရောက်သေးတဲ့ ကလေးသာ ပြောမရဆိုမရဖြစ်တာ

"CEO ဒီနေ့ ညနေ Jeon groupရဲ့ ညစာစားပွဲကိုတက်ဖို့ရှိပါတယ်"

"..."

"CEO.."

သူ့စကားကိုမကြားပဲ အတွေးများနေတဲ့ CEOကြောင့် ဆိုဗြောင်းထပ်ခေါ်လိုက်တော့

"တကယ် စိတ်ရှုပ်စရာချာတိတ်"

"ဗျာ.."

ရုတ်တရက် 'ဗျာ'ဆိုပြီး ထအော်တဲ့ အတွင်းရေးမှုးဆို ကြောင့် ထယ်ယောင်းအတွေးဆပြတ်တောက်သွားပြီး

" ဘာများဖြစ်တာလဲ အတွင်းရေးမှုးဆို"

အံ့သြသလိုနဲ့ မျက်ခုံးတွေပါပင့်တင်ပြီးမေးလာတဲ့ CEOကြောင့် ဆိုဗြောင်းမှာလည်း အထစ်ထစ်အငေါ့ငေါ့နဲ့

" ဟို...ဟို..CEOက ကျွန်တော်ကို ချာ..ချာတိတ် လို့ခေါ်ပြီး..."

" အဟန့်! ကိုယ် အတွင်းရေးမှုးဆိုကိုမခေါ်မိပါဘူး"

"ဗျာ..ဟို.."

"ညက အိပ်ရေးမဝဘူးထင်တယ် အတွင်းရေးမှုးဆို "

" ဗျာ..ဟုတ်..ဟုတ်ကဲ့ပါ"

"ဒါနဲ့ ခုန ကိုယ့်ကိုဘာပြောလိုက်တာလဲ"

" ဒီည Jeon groupရဲ့ ညစာစားပွဲကိုတက်ရပါမယ်လို့ပြောတာပါ CEO"

" အာ..ဟုတ်ပြီ ကိုယ်သိပြီ အတွင်းရေးမှုးဆိုလည်း အိပ်ရေးဝအောင်အိပ်အုံးနော် နားကြားမှားတာမျိုးတွေမဖြစ်အောင်"

" ဟုတ်..ဟုတ်"

သူသေချာပေါက်ကြားလိုက်တာပါ CEO ချာတိတ်လို့ခေါ်လိုက်တာကို..

"တကယ် စိတ်ရှုပ်စရာချာတိတ်ပဲ"

စိတ်ရှုပ်စရာလို ရေရွတ်လိုက်တဲ့ ထယ်ယောင်းရဲ့ နှုတ်ခမ်းမှာ အပြုံးတခုဖြစ်ပေါ်သွားတာကတော့ လိမ်ညာမရခဲ့ပါဘူး

****
ကလပ်နဲ့ကားပြိုင်ပွဲလောက်ပဲ စိတ်ဝင်စားတဲ့သူကို ဒီပွဲမှာရှိမနေရင် ကတ်တွေအကုန်ပြန်သိမ်းမယ်ဆိုတဲ့ ဒယ်ဒီရဲ့ စကားကြောင့် Jungkookမှာ အောင့်သက်သက်နဲ့ ဒီညပွဲမှာရှိနေရတာ
သူစိတ်ဝင်စားတဲ့ ပါတီဆိုတာ ဒါမျိုးမဟုတ်ဘူးလေ အလန်းစားကောင်မလေးတွေပတ်ချာလည်ရှိနေတဲ့ နေရာမျိုးမှာ ဝီစကီခွက်လေးကိုင်ပြီး အေးဆေးရှိနေရတာမျိုး အခုတော့ စိတ်မချမ်းမြေ့စရာ အသက်ကြီးကြီးလုပ်ငန်းရှင်တွေကြားမှာ အိပ်ချင်စရာကောင်းတဲ့စကားသံတွေကို နားထောင်နေရပြီး စိတ်ကျဥ်းကြပ်စရာကောင်းတဲ့ အနောက်တိုင်းဝတ်စုံအပြည့်ကိုလည်း ဝတ်ထားရသေးတယ် တကယ့် ဝဋ်ကြွေးလိုပဲ

မျဥ်းပြိုင်(Completed) Onde histórias criam vida. Descubra agora