အချိန်အားဖြင့် ညနေစောင်းနေပြီ hotelလုပ်ငန်းရှင်တွေ စုဝေးပွဲရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မနက်ထဲကထွက်သွားသူက အခုထိအိမ်ပြန်မရောက်သေး
" ကျစ်! ပိတ်ရက်လေးတောင် အတူအချိန်ကုန်ခွင့်မရှိဘူးကွာ"
အလိုမကျတဲ့စိတ်နဲ့ ဖုန်းဆက်ခေါ်ချင်စိတ်ကို မြိုချထားရတယ် ဟိုရက်ကမှ ကိုကိုနဲ့သူစကားအချေတင်များထားကြတာမဟုတ်လား သူမနည်းပြန်ချော့ထားလို့သာ အခြေနေလေးပုံမှန်ပြန်ဖြစ်နေတာ နောက်တခါဆို ကိုယ်လုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူးနော်လို့ ပြောထားထဲက ဂျောင်ကုအနည်းငယ်ဆင်ခြင်နေရတယ်
ကျွီ!
ကိုကိုပြန်လာပြီအထင်နဲ့ အိမ်ရှေ့ကိုပြေးထွက်မိတဲ့ခြေလှမ်းတွေက ခြံထဲကိုဝင်လာတဲ့ အဖြူရောင်ကားလေးကြောင့် ရပ်တန့်သွားတယ်
" လိုက်ပို့ပေးလို့ ကျေးဇူးပါမီ"
အပြုံးတွေဖောဖောသီသီသုံးကာ ကားမောင်းနေသူရှိရာဘက်ကို ကြည့်ပြီးပြောနေသူကြောင့် ဂျောင်ကု ကိုကို့အနားတိုးကပ်ပြီး ပခုံးကိုတင်းတင်းဆွဲဖက်လိုက်တော့ ရုတ်တရက်လန့်သွားပုံရတယ် မျက်ဝန်းတွေဝိုင်းစက်ပြီးကြည့်လာတယ်
" ရပါတယ် ကင်မ်ရဲ့"
နှုတ်ခမ်းဆိုးဆေးပန်းဆီရောင်ဖျော့ဖျော့ဆိုးထားတဲ့ နှုတ်ခမ်းလုံးလုံးလေးကို ပြုံးလျက်ပြောနေတဲ့သူမကို ဂျောင်ကု အလိုမကျသလို မျက်ခုံးတွေတွန့်ချိုးလျက်ကြည့်နေလိုက်တယ် ဒီမိန်းမကို သူနည်းနည်းလေးမှသဘောမကျပါ အထူးသဖြင့်ကိုကိုနဲ့ပက်သတ်လာရင်ပေါ့
" အိမ်ထဲဝင်လည်ပါအုံးဆိုတာကို.."
"ရတယ်လို့ ပြောနေတယ်လေ ကိုကို"
ထယ်ယောင်းရဲ့ပခုံးသားကို ဖျစ်ညစ်ဆွဲကိုင်ပြီး ရင်ဘတ်နားထိ တိုးကပ်ကာ ပြောလာတာကြောင့် ဂျောင်ကု မျက်နှာကိုအလိုမကျသလို ပြန်ကြည့်လိုက်တော့ မထုံတထေးအမူရာနဲ့ပြန်ကြည့်လာတယ်
" ဟုတ်ကဲ့ ရပါတယ် ဒါဆိုမီကို ခွင့်ပြုပါအုံး ကင်မ်နဲ့ ကင်မ်ရဲ့အမျိုးသား"
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်