part(16)

1.5K 70 0
                                    

ပခုံးပေါ်ထမ်းတင်လာသူက ပြိုင်ကားပြာပြာ လေးဆီရောက်တော့မှ ခြေလှမ်းတွေရပ်တန့်ပြီး ထယ်ယောင်းကိုအောက်ချပေးတယ်

" ကားထဲဝင်"

ထယ်ယောင်းဘာစကားမှမပြောပဲ လှည့်ထွက်တော့ လက်ဝါးပြင်ကြီးကြီးက ခါးကိုသိုင်းဖက်လာတယ်

" ဘာလုပ်တာလဲ လွှတ်စမ်း"

နောက်ကျောပေးအနေထားအတိုင်း ပြောနေတဲ့ ထယ်ယောင်းရဲ့စကားသံကို ဂရုမစိုက်သူက ပခုံးထက်ကို မေးရိုးတွေမှီတင်လာတယ်

" ကျွန်တော်အပေါ် ဘာကြောင့် ဒီလောက်ဆိုးနေရတာလဲ"

ဖက်တွယ်ထားတဲ့ လက်တွေကပိုမိုတင်းကြပ်လာတယ် စကားပြောလိုက်လို့ ထွက်ကျလာတဲ့ လေနုနွေးနွေးက ထယ်ယောင်းသွေးသားတွေကို ပူရှိန်းရှိန်းဖြစ်စေတာ

" မင်း ဘာတွေဖြစ်နေတာလဲ ဂျောင်ကု ငါ့ကိုလွှတ်ပေးစမ်းပါ"

" ကြောက်နေတာလေ...ကိုကိုလျစ်လျူရှုသွားမှာ သေမလောက်ကြောက်နေမိတာ "

တိုးညှင်းညှင်းထွက်ကျလာတဲ့ စကားသံလေးကြားရချိန်မှာ သူ့မှာပြန်ချေပစရာ စကားလုံးဆိုတာ ဗလာနတ္ထိ

" ကိုကို့ ကိုယ်တခြားသူတစ်ယောက်ပိုင်သွားမယ်ဆိုတဲ့ စိတ်နဲ့တင် ကျွန်တော်ရူးသွားတော့မှာ..ကိုကိုတအားရက်စက်တာပဲ"

ပခုံးထက်စိုစွတ်သွားတဲ့ အတွေ့ထိကြောင့် ထယ်ယောင်း ခန္ဓာကိုယ်လေးဆတ်ခနဲတုန်သွားတယ် ဧကန်န ဒီကောင်လေးငိုနေတာလား

" ဂျောင်ကု..လက်ကိုဖယ်စမ်း"

" ခနလေး..ခနလေးပါပဲ ကိုကို..ပြီးကျရင်သွားချင်တဲ့နေရာကိုသွားပါ အခုတော့ခနလေးဖက်ထားချင်လို့"

" ကိုယ်ဘယ်မှ မသွားဘူး..ခုခနလွှတ်အုံး"

ထယ်ယောင်းလှည့်ကြည့်လိုက်တော့မျက်နှာနုနုလေးက ညှိုးငယ်စွာ မျက်ဝန်းတောက်တောက်လေးတွေမှာ မျက်ရည်တွေရစ်သိုင်းနေတယ် မနေနိုင်စွာ ပါးပြင်နုနုလေးကို လက်ဝါးနှစ်ဖက်ကြားထည့်မိလိုက်တော့ ခေါင်းပြာပြာလေးတွေဟာအောက်ငုံ့သွားတယ်

" ကိုယ့်ကိုကြည့်..."

"..."

" အခုကိုယ့်ကို ကြည့်လိုပြောနေတယ်လေ ချာတိတ်"

မျဥ်းပြိုင်(Completed) Tahanan ng mga kuwento. Tumuklas ngayon