part(2)

2.2K 103 4
                                    

" Hey! JK လာပြီ"

ကားတွေစီတန်းနေတဲ့ ကားဝန်းထဲကိုဝင်လိုက်တာနဲ့ အားလုံးရဲ့သောင်းသောင်းဖြဖြကြိုဆိုမှုတွေကသူ့ဆီမှာ ဒါပဲလေJeon Jungkookဆိုတာ ဒီလိုလူစားမျိုးပဲ အားလုံးရဲ့အရေးတယူပြုခြင်းကိုခံရတဲ့လူ

"Jနောက်ကျတယ်နော်"

ချွဲပြစ်ပြစ်လေသံလေးနဲ့ ပြောလာတဲ့သူမကို ဂျောင်ကုစောင်းငဲ့ကြည့်လိုက်ပြီးမှ ကျောပြောင်ဂါဝန်အနီတောက်တောက်လေးကြောင့် ဖြူဖွေးရှင်းသန့်နေတဲ့ သူမရဲ့နောက်ကျောပြင်ကိုဖက်လိုက်တယ်

"ကိုယ့်ကိုမျှော်နေတာလား"

"တို့က Jမလာတော့ဘူးထင်နေတာ"

ခေါင်းလေးငုံ့ပြီးပြောလာတဲ့သူမရဲ့စကားကို ဂျောင်ကုနှုတ်ခမ်းလေးတဖက်တွန့်ကွေးယုံသာပြုံးဖြစ်လိုက်တယ် မိန်းကလေးတွေကဒီလိုပဲသိပ်တွယ်ကပ်လွန်းတယ်

"bro! ဒီနေ့ပွဲကိုမလာတော့ဘူးထင်နေတာ"

"အဟက်! ဝမ်းသာနေတယ်ဆိုပါတော့"

"ဝမ်းသာတယ်ဆိုတာထက် အသစ်စက်စက်ပြိုင်ကားလှလှလေးကိုများနှမြောလို့ ဂျောင်မှာကပ်နေတာများလားလို့ပါ "

မထိတထိပြောလာတဲ့ တစ်ဖက်လူရဲ့စကားကိုဂျောင်ကုခေါင်းတဆတ်ဆတ်ညိတ်လိုက်တယ်

" ဒီပြိုင်ကားက ဒီဘက်က အီယောင်ဟွန်းအတွက် သိပ်ကိုတန်ဖိုးကြီးနေတာများလား..ကျွတ်..ကျွတ်..ကိုယ့်အတွက်တော့ ဟောဒီပြိုင်ကားလေးကတပတ်ပြည့်အောင်စီးဖို့အတွက်ကို သိပ်ငြီးငွေ့ချင်စရာကောင်းနေတာ"

ရှူးရှူးရှားရှားဖြစ်သွားတဲ့ အီယောင်ဟွန်းရဲ့ပုံစံကို ဂျောင်ကုသနားသလိုကြည့်ပြီးတော့မှ

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကိုယ်ငြီးငွေ့မယ့်သုံးပြီးသားကိုတောင်ရဖို့အရည်ချင်း အီယောင်ဟွန်းမှာ ရှိမနေဘူးဆိုတော့"

" မင်း..မင်း..JK"

ဂျာကင်ပေါ်ရောက်လာတော့မယ့် လက်တစ်စုံကို ဂျောင်ကုဖမ်းထိန်းလိုက်ပြီး

"Jeon Jungkookရဲ့အသားကို နူးညံ့တဲ့အတွေ့ထိမျိုးမှမဟုတ်ရင် ထိတွေ့ခွင့်မရှိဘူးဆိုတာ သိထားစေချင်တယ်"

မျဥ်းပြိုင်(Completed) Waar verhalen tot leven komen. Ontdek het nu