" ဟမ်!"စိတ်အလိုမကျမှုတွေနဲ့ လိုက်ပါလာမိတာ ဘယ်အချိန်ထဲကအိပ်ပျော်သွားလိုက်တယ်မသိ ထယ်ယောင်းနိုးလာတော့ ပင်လယ်ပြင်ကနေဝန်းကထွက် စပြုနေပြီ
" sorry ကိုယ်နည်းနည်း အိပ်ပျော်သွားတယ်"
အဟွန့်!
ရယ်စရာမပါတဲ့စကားကို ရယ်လိုက်သူကြောင့် ထယ်ယောင်းမျက်ခုံးတွေ တွန့်ချိုးပြီးကြည့်လိုက်တော့ စုတ်ဖွာဖွာဆံပင်နီတောက်တောက်တွေကို နှဖူးပြင်ပေါ်လှန်တင်ပြီး မသိကျေးကျွန်ပြုတယ်
" အဲ့စုတ်ဖွာဖွာ နီတောက်နေတဲ့ဆံပင်နဲ့ မင်းကိုမင်းသိပ်လှနေတယ်များထင်နေလား"
ထယ်ယောင်းရဲ့အမေးစကားကို ခေါင်းရမ်းပြီးတုန့်ပြန်မှု ပြုလိုက်သူကအနီးနားကိုတိုးကပ်လာတာ
" ဟေ့..ဘာလုပ်ဖို့လဲ"
အနားတိုးကပ်လာသူရဲ့ရင်ဘတ်ကို တွန်းဖယ်လိုက်တော့ လက်ဖဝါးပြင်ကိုဆုပ်ကိုင်ပြီး အနမ်းပေးလာတယ်
" ကျုပ်ကလှရအောင် မိန်းကလေးမှမဟုတ်တာဗျ"
လက်ဖမိုးပေါ်မှာထိကပ်ထားတဲ့ တွေ့ထိမှုမှာ သူဟာရုန်းပြစ်ဖို့မေ့လျော့နေတာ
" ဒါပေမယ့်..ကိုကို...ခင်ဗျားကတော့ သိပ်လှတာ"
" ဟေ့.ငါလည်း မိန်းကလေးမဟုတ်ဘူးနော်"
"အွန်း...သိတယ်လေ"
ထယ်ယောင်းရဲ့တနေရာကို အကြည့်ပို့ပြီး မထိတထိပြောလာသူကြောင့် ခန္ဓာကိုယ်ပါ ကျုံ့မိသွားတယ် ဒီရှက်ကြောပြတ်မနက်စောစောစီးစီး ဘယ်လိုစကားတွေပြော
"မင်း..မနက်စောစောစီးစီး"
"ဟောဗျာ..သိလို့သိတယ်ပြောတာလေ ဘာလဲ.. ကိုကိုကသက်သေပြချင်လို့လား"
"မင်းး."
"နမ်းချင်တယ်"
ရုတ်တရက်ထွက်ဆိုလာတဲ့ စကားကြောင့် ထယ်ယောင်းမျက်လုံးတွေ ဝိုင်းစက်သွားရတယ် ပြန်ချေပဖို့ရာစကားလုံးကိုရှာမတွေ့
" အခု အရမ်းနမ်းချင်နေတာမို့ ခွင့်ပြုပေး"
ခေါင်းညိမ့်မိလား ငြင်းဆိုမိလား ဝေခွဲမရတဲ့အချိန်မှာ ပူနွေးစိုစွတ်သွားတဲ့ထိတွေ့မှုကိုခံစားလိုက်ရတယ် လှိုက်ခုန်နေတဲ့ နှလုံးသားဟာအရှေ့မှာရှိနေတဲ့ ပင်လယ်ပြင်ကလှိုင်းလုံးတွေလိုအရှိန်ဟုန်ပြင်းစွာ သူကိုယ်တိုင်သတိမထားမိပဲ တွယ်ချိတ်မိတဲ့ လက်အစုံက ဂျောင်ကုရဲ့လည်ပင်းတွေပေါ်မှာရစ်ပတ်နေပြီ အငမ်းမရဆက်သွယ်ခံထားရတဲ့ ပေါင်းစပ်မှုမှာ နှစ်ဦးသားလုံး အလိုတူအလိုပါ ယောကျာ်းနှစ်ယောက်ရဲ့အားပြိုင်ကြမှုမှာ ဦးဆောင်သူဟာဝေခွဲဖို့ ခက်ခဲလွန်းစွာ အရှိန်ဟုန်ပြင်းစွာ ခရီးနှင်လာတော့ မောဟိုက်လာရသူက ထယ်ယောင်းရယ်သာ ဒါပေမယ့်ဒီတိုင်း အလျော့ပေးလို့မဖြစ်ဘူးလေ ဒိီချာတိတ်ကို ဂဟေဆက်ထား တဲ့နှုတ်ခမ်းသားတွေရဲ့ ဦးတည်ရာကို မေးရိုးထင်းထင်းဆီ ကူးပြောင်းလိုက်တော့ ခါးထက်ကိုသိမ်းကြုံးဖက်လာတဲ့လက်တွေ
BẠN ĐANG ĐỌC
မျဥ်းပြိုင်(Completed)
Fanfictionပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်