part(10)

1.7K 85 0
                                    

" ဒီညကတော့ မင်ယွန်ဂီတို့ ညပဲထင်တယ်"

သူတို့အခုရောက်နေတာကတော့ လောင်းကစားသမားတွေရဲ့ ပျော်မွေ့ရာ ဖြစ်တဲ့ ကာစီနိုဝိုင်းမှာ ပွဲစချိန်မှစပြီးအနိုင်ပိုင်းလာတဲ့ယွန်းဂီကြောင့် တဝိုင်းလုံးလက်မှိုင်ချနေရပြီ

"JK မင်းဟိုနေ့က ရှီယွမ်းကိုဘာလို့ထားခဲ့တာလဲ"

ရင်နှစ်မွှာပေါ်အောင်ဝတ်ထားတဲ့မိန်းကလေးကိုပေါင်ပေါ်တင်လျက်မေးလာတဲ့ ဂျီမင်ရဲ့စကားကြောင့် သူအဲ့ဒိနေ့ကအကြောင်းကို ပြန်အမှတ်ရသွားတယ်

" အဟွန့်! နည်းနည်းတော့ နှမြောဖို့ကောင်းသလိုပဲနော် ဒါပေမယ့် ငါအဲ့ထက်တန်ဖိုးကြီးတဲ့ဆီသွားနေရလို့"

"ဟ ငါ့ကောင် မင်းအမိုက်စားလေးရထားရင် ငါတို့ကိုလည်းမျှအုံး..အဟွတ်..အဟွတ်"

ဂျီမင်ရဲ့ စကားလုံးတွေကိုပိတ်ဆို့လိုက်တာကတော့ ကော်လံပေါ် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်တဲ့ လက်တွေ

"ဟေရောင်..JKဘာလုပ်တာလဲ..လွှတ်လိုက်တော့"

ဘေးမှဝင်တားနေတဲ့ ယွန်းဂီကြောင့် သူလက်တွေကိုဖယ်ခွာလိုက်တယ်

" ဒီတခါနောက်ဆုံးဖြစ်ပါစေ ဂျီမင် ငါ့သူငယ်ချင်းဖြစ်နေလို့ ခွင့်လွှတ်ပေးလိုက်တယ်မှတ်ပါ တောက်"

ဒေါသတကြီးထွက်သွားသူကိုကြည့်ပြီး သူငယ်ချင်းနှစ်ယောက်မှာခေါင်းခါလျက်သာကျန်ခဲ့တယ်

****

'မနက်ဖြန် အားလားကိုကို😔´

emoji နဲ့တကွပို့လာတဲ့ စာလေးကြောင့် ထယ်ယောင်းပြုံးမိလိုက်တယ် ဒီကောင်လေးအခု အဲ့လိုမျက်နှာမျိုးလေးဖြစ်နေမယ်ဆိုတာသိနေတဲ့အတွက်ကြောင့်

'ဘာကိစ္စများရှိလို့လဲ ချာတိတ် ကိုယ်မနက်ဖြန်တော့မအားဘူး´

တဖက်က တလှုပ်လှုပ်ရွေ့လျားနေတဲ့ tying ကြောင့် ထယ်ယောင်း ph screen ကိုအကြည့်မပြတ်ပဲစောင့်နေလိုက်တယ်

' ကျွန်တော် လွမ်းနေတာ😟´

လွမ်းနေတဲ့ဆိုတဲ့ စာတန်းလေးကိုမြင်တော့ ထယ်ယောင်းမျက်နှာ ပူခနဲဖြစ်သွားရတယ် ဘာပြန်ပို့လို့ပိုရမှန်းမသိဖြစ်နေတဲ့ အခြေနေမှာ တဖက်ကပြန်ဝင်လာတဲ့စာ

မျဥ်းပြိုင်(Completed) Donde viven las historias. Descúbrelo ahora