သူဟာအဲ့အချိန်ထဲက ထိုကောင်လေးရဲ့မာယာတွေကြားမှာ ရောက်မှန်းမသိရောက်ခဲ့ရတာ
"ကိုကို.."
ပြိုင်ကားပြာပြာလေးနား သူရောက်သွားတော့ မျက်စိကျိန်းချင်စရာ အကြေဖွဆံပင်အနီတောက်တောက်နဲ့ချာတိတ်က မျက်နှာညှိုးငယ်ပြီး လေသံတိုးတိုးနဲ့ခေါ်တယ်
ထယ်ယောင်းစိတ်ထဲ ဒီကောင်လေးကိုတကယ်သနားမိသွားတာ ကြီးမားတဲ့အပြစ်ကိုကျူးလွန်မိထားတဲ့သူလို စိတ်အစုံဟာလေးလံလွန်းစွာ
"လာခဲ့ ဒီနားကို"
လက်နှစ်ဖက်ကိုဆန့်တန်းပြီး ခေါ်တော့
မျက်ကပ်မှန်တက်ထားတဲ့ မီးခိုရောင်မျက်ဝန်းလေးတွေကလင်းလဲ့သွားတာ ဒီကောင်လေးဟာလေ ကိုယ်ပိုင်အလှတွေကိုသိပ်ဖျက်ဆီးချင်တာ မျက်ဝန်းတောက်တောက်နက်နက်လေးတွေကသိပ်လှတဲ့ဟာ" မြန်မြန်လာခဲ့..ကိုယ်ချာတိတ်ကို ဖက် ထားပေးချင်..အင့်"
စကားဆုံးအောင်ပြောခွင့်မပေးတဲ့ ချာတိတ်က သူ့ရင်ထဲ အလုံးအရင်းလိုက်ပြစ်ဝင်လာတာ ခန္ဓာကိုယ်အရွယ်အစားချင်းယှဥ်ရင် ဒီကောင်လေးဟာသူ့ထက်ပိုပြီး ထွားကြိုင်းတာကြောင့် ရင်ခွင်ထဲမှာမဆန့်မပြဲ ဖြစ်နေတဲ့သူကို ထယ်ယောင်းမှီသလောက်လေး ထွေးပွေ့ထားလိုက်တော့
" ကိုကို..လျစ်လျူရှုလိုက်ပြီ ထင်နေတာ"
သူ့ခါးဆီတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ လက်တွေရဲ့အားဟာဘယ်လောက်များကြီးလိုက်သလဲဆို ခန္ဓာကိုယ်နှစ်ခုကြားမှလေတိုးပေါက်ကိုမရှိ သူကဖက်ပေးရသူလား အဖက်ခံနေရသူလားဆိုတာပါ မသဲကွဲတော့ဘူး
" ချာတိတ်..ခန..ခန"
" ကိုကို ခင်ဗျား သိပ်ရက်စက်တာပဲ"ဖယ်ဖို့ရာတွန်းဖယ်နေတဲ့ လက်တွေက ရင်အုပ်ကျယ်ကျယ်အတွက်နည်းနည်းမှ အရာမရောက်သလို
" ဟုတ်ပြီ..ကိုယ်သိပြီ အဲ့ဒါကြောင့် ခနလောက်ဖယ်အုံး"
"ကိုကိုပဲ ဖက်ထားပေးချင်တာဆို"
စုတ်ဖွဖွ ဆံပင်တွေနဲ့တိုးခွေ့နေပုံက သခင်ဆီမှာ ကပ်ချွဲနေတဲ့ ခွေးပေါက်စလေးလို ဒီကောင်လေးဟာ ဒီလိုလည်းချွဲတတ်ပါရောလား
KAMU SEDANG MEMBACA
မျဥ်းပြိုင်(Completed)
Fiksi Penggemarပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်