part(18)

1.5K 67 0
                                    

" မီတို့လက်ထပ်ပွဲကို အချိန်မဆွဲပဲ အမြန်လေးလုပ်ရင်ကောင်းမလား ကင်မ်"

" မီ့သဘောပါ..ဒါပေမယ့် ကိုယ်တို့အလုပ်တွေကလည်းရှိသေးတော့ ၂လလောက်ဖြစ်ဖြစ်အနည်းဆုံးအချိန်ယူရင်ကောင်းမလား တွေးနေတာ"

အမှန်တကယ်လည်း ထယ်ယောင်းလက်ထပ်ပွဲကို အလျင်စလိုမပြုလုပ်ချင်ပါ ၂လဆိုတာတောင် အတော်တွေးထားရတာ

" စေ့စပ်ပြီး လက်ထပ်ဖို့အချိန်ကြာနေတာက မကောင်းဘူးလို့ မာမီတို့ကပြောတယ် ပြီးတော့.."

ရှေ့ဆက်မပြောပဲ မျက်နှာကိုမဝံ့မရဲကြည့်လာတာကြောင့် ထယ်ယောင်းစကားထောက်ပေးလိုက်တယ်

" ပြောပါ မီ"

" မီ.. ကင်မ်ကိုပိုင်ချင်တယ်"

ခေါင်းလေးငုံ့ကာတိုးတိုးလေးပြောလိုက်တာဆိုပေမယ့် ပန်းသွေးရောင်ဖြာသွားတဲ့ မျက်နှာလေးကိုထယ်ယောင်းမြင်လိုက်ပါတယ်

" မီ"

ရှက်သွေးဖြာသွားသူရဲ့ လက်လေးကိုဖွဖွဆုပ်ကိုင်ပြီးခေါ်လိုက်တော့ မျက်ဝန်းတောက်တောက်လေးတွေပင့်ကြည့်လာတယ်

" ကိုယ်ကမီ့အပိုင်ပါ..ဒါဟာ အားလုံးသိတဲ့အမှန်တရားတခုပဲ ချစ်ခြင်းမေတ္တာအကြောင်းတွေကို ကိုယ်ကောင်းစွာနားမလည်သေးပေမယ့် ကိုယ်စောင့်ရှောက်ပေးရမယ့် သစ္စာစောင့်ထိန်းရမယ့် အကြောင်းတွေကိုတော့ ကောင်းစွာနားလည်ပါတယ်
မီက ကိုယ်စောင့်ရှောက်ပေးစရာမလိုလောက်တဲ့အထိ ထက်မြတ်လွန်းတဲ့ အမျိုးသမီးလေးဆိုတာသိပေမယ့်...ကိုယ့်အတွက်တော့ မီဟာ သေချာပေါက် ဘဝတစ်ခုလုံးစာစောင့်ရှောက်ပေးရမယ့် တစ်ဦးတည်းသောလေးပါပဲ...မီ့ကို စေ့စပ်လိုက်ပြီဆိုထဲက သေချာပေါက် ကိုယ်က မီ့အပိုင်ဖြစ်သွားပါပြီ..ကင်မ်ထယ်ယောင်းကို ချွဲနာမီဆိုတဲ့ အမျိုးသမီးလေးသာပိုင်တာပါ"

" ကျေးဇူးပါ ကင်မ် မီသိပ်ကိုဝမ်းသာတာပဲ..ကင်မ်လို့အမျိုးသားကို ပိုင်ဆိုင်ရတာ မီသိပ်ကိုကံကောင်းလွန်းတာ"

ကျေနပ်စွာပြုံးနေတဲ့ အမျိုးသမီးလေးကို ထယ်ယောင်း ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်တယ်..သူဟာသေချာပေါက် ဒီအမျိုးသမီးလေးနဲ့သာ သက်ဆိုင်တာမဟုတ်လား

မျဥ်းပြိုင်(Completed) Donde viven las historias. Descúbrelo ahora