နှာဖျားကိုတိုးဝင်လာတာ ဆားရနံ့ရောနှောထားတဲ့ လတ်ဆတ်တဲ့ပင်လယ်ရနံ့မျက်လုံးအစုံကိုဖွင့်မကြည့်ပဲ ဖိအိပ်မိထားတဲ့ လက်မောင်းဆီကနေ ခေါင်းကိုအသာလေး အောက်လျောချတော့ ပခုံးကနေပြန်ဆွဲတင်ပြီး ရင်ခွင်ထဲပြန်လည်ထွေးပွေ့လိုက်သူကြောင့် ထယ်ယောင်းပြုံးလျက် ရင်ခွင်ကျယ်ထဲခေါင်းပြန်တိုးဝင်လိုက်တယ်
" လက်တွေနာနေအုံးမယ်"
"ထပ်အိပ်လိုက်အုံး"
"ကိုယ်တညလုံးဖိအိပ်ထားတဲ့ မနာဘူးလား"
မျက်လုံးမှိတ်အိပ်နေသူကို ထယ်ယောင်းရင်ခွင်ထဲကမော့ကြည့်ပြီးပြောတော့ ဘာစကားမှပြန်မဆိုလာပဲ မော့ထားတဲ့ခေါင်းကိုရင်ခွင်ထဲပြန်ဆွဲသွင်းတယ်
" မနက်ခင်းအစမှာတောင် မင်းကိုယ်သင်းနံ့ကတကယ်ကောင်းတာနော်"" အဟွန့်!"
မျက်လုံးတွေဖွင့်မလာပေမယ့် ခပ်ဖွဖွရယ်သံထွက်လာတယ်
" ကိုယ်တကယ်ပြောနေတာ မင်းကတကယ်လိုချင်စရာလေး Jungkookရဲ့ ကိုယ်တော့လေ..အာ့!"
ရုတ်ချည်းဆိုသလို ဘေးချင်းကပ်အိပ်နေရာကနေထယ်ယောင်းပေါ်ကို အုပ်မိုးလာသူက မျက်ဝန်းတွေကို စူးစူးရှရှကြည့်တယ် အိပ်ရာထစဖြစ်တာတောင် မို့အစ်နေတာမဟုတ်တဲ့ မျက်ဝန်းဝိုင်းနက်နက်လေးတွေက သိပ်ကိုနှစ်လိုဖွယ်ရာဖြစ်နေတာ
ဖြူနုနု သွေးကြောမျှင်ပေါ်နေတဲ့ ပါးပြင်လေးက မွှေးကြူချင်စရာဖြစ်နေတာကြောင့် အုပ်မိုးထားသူရဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ ယှက်သွယ်ဆွဲငုံ့စေပြီး ပါးပြင်ထက် အနမ်းတစ်ပွင့်ခြွေလိုက်မိတော့ အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး Jungkookက ခပ်ရေးရေးပြုံးတယ်" ကိုကို..တကယ်ပြန်မအိပ်ချင်တော့ဘူးထင်တယ်"
မတိုမရှည် ထယ်ယောင်းရဲ့ဆံပင်တွေကို နားရွက်နောက်ကိုသပ်တင်းပေးရင်း ပြောတဲ့စကားက ရင်ထဲလှပ်ခနဲဖြစ်သွားစေတယ် Jungkookကအဲ့လိုဖြစ်တည်မှုမျိုးလေး ထယ်ယောင်းအတွက်ဘယ်တော့မှ ရိုးအီမသွားတဲ့လှုံဆော်မှုလေး
" ပြောလေ..မအိပ်ချင်တော့တာသေချာပြီလား"
နားရွက်ဖျားကို ဖွဖွလေးစုပ်ယူပြီးပြောတဲ့စကားသံကြောင့် တုန်ဆင်းသွားတဲ့ ဖြစ်တည်ခြင်းတွေ
ESTÁS LEYENDO
မျဥ်းပြိုင်(Completed)
Fanficပန်းနုရောင်မက်မွန်ပန်းလေးတွေကို ခြံအပြည့်စိုက်ထားမယ် ကိုယ်ကJungkook ရဲ့အကျဉ်းသားပါဆိုပြီး မက်မွန်ပွင့်လေးတွေရှေ့မှာ ကတိသစ္စာပြုမယ်