part(23)

1.4K 89 7
                                    

ဂျွန်ကမျက်ရည်လွယ်တဲ့ ပျော့ညံ့ညံ့ပုံစံမျိုးမဟုတ်ပါဘူး အခုဘာအတွက်ကြောင့် ဒီလောက်ခံစားလွယ်သွားရတာလဲ သူပြောတဲ့စကားများလွန်သွားလို့လား
ဂျွန်မျက်ရည်တွေဟာ သူ့အတွက်အဆိပ်အတောက်ပါပဲ ဂျွန်ပင်ပန်းမှုဟာ သူ့အတွက်သေဆုံးခြင်းပါ ဂျွန်ကိုနည်းနည်းလေးမှာ မနာကျင်စေချင်တာ သူ့စိတ်ရင်းအမှန်

" ကိုယ့်ကိုကိုယ် အများကြီးအထင်ကြီးမိခဲ့တာပဲ"

" ဟမ်!"

" ဒီလောက်ထိ ကိုယ့်အပေါ်ရက်စက်နိုင်မယ်လို့ မထင်ခဲ့တာအမှန်"

ဂျွန် ဘာကိုဆိုလိုချင်နေတာလဲ သူနားမလည်တော့ပါ ခုဒီစကားတွေက ဘယ်သူ့ကိုရည်ရွယ်ပြီးပြောနေတာလဲ

"အဟက်! သိပ်ကို အသည်းမာလွန်းတယ် ကင်မ်ထယ်ယောင်း"

ဘီယာဗူးတွေကို အဆက်မပြတ်ဖောက်သောက်ပြီး ပြောလာတဲ့စကားမှာ သူတခါမှမကြားခဲ့ဘူးတဲ့ နာမည်ကိုကြားလိုက်ရတယ် ကင်မ်ထယ်ယောင်းဆိုတာ ဘယ်သူလဲ ဂျွန် နဲ့ဘယ်လိုပက်သတ်မှုမျိုးလဲ

တီ!တီ!

အဆက်မပြတ်မြည်နေတဲ့ ဖုန်းသံကြောင့် Jungkook ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်လိုက်တော့ 'ကိုကို´ဆိုပြီးမှတ်ထားတဲ့ contact လေးကြောင့် အလိုမကျသလိုကျစ်ခနဲစုတ် သတ်ပြီး ဖုန်းကိုင်လိုက်တယ်

" ပြော...ဘာကိစ္စလဲ"

" အခုကိုယ့်ဆီလာခဲ့ပေး"

" ဘာဖြစ်တယ်"

မထင်မှတ်ထားတဲ့ စကားကြောင့် Jungkookနောက်တကြိမ် ထပ်မေးလိုက်ရတယ် သူနားကြားများမှားတာလား ဘီယာအသောက်များသွားတာလား

" ကိုယ့်ဆီလာခဲ့ 15မိနစ်အတွင်း...အရင်ကိုယ်တို့သွားခဲ့တဲ့ ဒယ်ဂူကအိမ်မှာ ကိုယ်စောင့်နေမယ်"

" ကျုပ်က ဘာကိစ္စခင်ဗျား ခေါ်တိုင်းလာရမှာလဲ"

တီ!

" ဟိတ်လူ..ဟေ့..ကင်မ်ထယ်ယောင်း..ဟဲလို..ဟဲလို.."

သူပြန်ပြောတာကိုတောင်မစောင့်ပဲ ပြောချင်တာပြောပြီး ဖုန်းချသွားတာ ကင်မ်ထယ်ယောင်းက ဘာအချိုးတွေချိုးပြန်တာလဲ

မျဥ်းပြိုင်(Completed) Tempat cerita menjadi hidup. Temukan sekarang