14.6K 738 49
                                    

၁)

လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ကျော်ခန့်၌ ကျိုးပြည်ထောင်စု၊ မန့်ပြည်ထောင်စုနှင့် ယွီရှပြည်ထောင်စုဟူ၍ ပြည်ထောင်စု သုံးခု ထွန်းကားခဲ့ဖူးသည်။ ပြည်ထောင်စု သုံးခုအနက် ယွီရှက အင်အားအကြီးဆုံး ပြည်ထောင်စု ဖြစ်ပြီး လက်အောက်ခံပြည်နယ် နှစ်ဆယ်ကျော်ဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိ ဝမ်မင်းဆက်ဖြစ်ပြီး အရည်အချင်းရှိသည့်မင်းသားအများအပြားရှိသဖြင့် တိုင်းပြည်အရေးက စိတ်အေးရသည်။ ရှစ်ဆက်မြှောက် ဝမ်ဧကရာဇ်တွင် သားတော်အများအပြားရှိပြီး မင်းသား ၉ ဝမ်ရိပေါ်၊ မင်းသား ၄ ဝမ်ရှို့မင်၊ မင်းသား ၁၈ ဝမ်ချန်းယွီ တို့က သြဇာအာဏာကြီးသည်။

မင်းသားကိုးဝမ်ရိပေါ်က လက်ရှိမင်းကြီး အားအထားရဆုံးနှင့် အချစ်ဆုံး သားတော် ဖြစ်ပြီး စစ်ရှန်းကျူရန် ဘွဲ့အမည်ခံကာ ဦးရီးတော်အဖြစ် ပြည်နယ် ခြောက်ပြည်နယ်ကို အုပ်ချုပ်ရသည်။ မင်းသား ၄ ဝမ်ရှို့မင်က နယ်စပ်​ပြည်နယ်လေးခုကို အုပ်ချုပ်ရပြီး မင်းသား ၁၈ ဝမ်ချန်းယွီက ကုန်သွယ်ရေးကိုစီမံရသည်။

တစ်ခုသော နွေဦးပွဲတော်၍ ဧကရာဇ်က သားတော်အားလုံးကို နွေဦးပွဲတော်သို့ ဖိတ်ကြားခဲ့သည်။ ဝမ်ရိပေါ်ကလည်း ဘုရင့်အမိန့်ကြောင့် ပွဲတော်ကို တက်ရောက်ခဲ့ရသည်။ ဝမ်ရိပေါ်က ဧကရာဇ်၏ ညာဘက်အခြမ်းတွင် ထိုင်ရပြီး အခြားလူများကလည်း သူ့နေရာနှင့်သူ ထိုင်ကြသည်။ မင်းသမီး လန်ချင်းချင်းကလည်း ဝမ်ရိပေါ်နှင့်မျက်စောင်းထိုးတွင်ထိုင်နေ၏။ လန်ချင်းချင်းက ဝမ်ဧကရာဇ်၏ ဆရာတူအစ်ကိုမှမွေးသောသမီးဖြစ်ပြီး မိဘများ ကွယ်လွန်သွားတာကြောင့် ဝမ်ဧကရာဇ်က မင်းသမီးဘွဲ့ပေးကာစောင့်ရှောက်ပေးခဲ့သည်။

"စစ်ရှန်းကျူရန်.. ဘာလို့ ခမည်းတော်ဆီကို မလာတာလဲ။"

ဧကရာဇ်က မေးလိုက်တော့ ဝမ်ရိပေါ်က ရိုရိုသေသေပြန်ဖြေသည်။

"သားတော် ဒီရက်ပိုင်း အလုပ်မအားလို့ပါ။"

"ခမည်းတော်ဆီကို ခနခန လာပါ။ မင်းကိုမြင်ရတော့ ဟွားအာကိုအလွမ်းပြေတယ်။"

Behind the Beauty Donde viven las historias. Descúbrelo ahora