၁၂
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ခုတင်ပေါ် ပစ်တင်သည်။ ရှောင်းကျန့်က သူ့ကို မျက်ရည်များဖြင့် မော့ကြည့်နေပြီး ခုတင်အတွင်းဘက်သို့ တိုးသွား၏။ ဝမ်ရိပေါ်က ခုတင်ပေါ် လိုက်တက်လာပြီး သူ့ခြေကျင်းဝတ်ကို ဆွဲလိုက်တော့ ရှောင်းကျန့်က ပက်လက်လှန်လဲသွား၏။
"အင့်.. လွှတ်... အင့်ဟင့်"
ရှောင်းကျန့်က ငိုနေဆဲဖြစ်ပြီး သူ့ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်သည်။ ဝမ်ရိပေါ်က ပို၍ ဒေါသထွက်လာပြီး ရှောင်းကျန့်၏ လက်နှစ်ဖက်လုံးကို ဖိချုပ်ကာ မေးသည်။
"မငိုနဲ့... ဘာလို့ငိုနေတာလဲ... ဟမ်။ ဝမ်ချန်းယွီမဟုတ်လို့လား။ မင်းစိတ်ထဲမှာ အဲ့ဒီကောင်ပဲ ရှိတာလား။"
"ဝမ်ချန်းယွီကို... အင့်... မသိဘူးလို့ ... အင့်... လွှတ်"
ရှောင်းကျန့်က သူ့ကို တွန်းဖယ်ကာ ခုတင်ထောင့်သို့ကပ်သွား၏။
"လိမ်နေတာ... ကိုယ်တော်နဲ့ မယူခင် မင်းကိုသူနဲ့ပေးစားဖို့လုပ်ထားပြီးသား။ ငါ့ကို လိမ်ဖို့မကြိုးစားနဲ့ ရှောင်းကျန့်"
ဝမ်ရိပေါ်က ရှောင်းကျန့်အနား ကပ်လာပြီး မေးရိုးကို လက်ဖြင့် ဖိညှစ်ရင်း အံကြိတ်ကာပြောသည်။ ရှောင်းကျန့်က သူ့ကို လုံးဝနားမလည်သည့် မျက်ဝန်းများဖြင့်ကြည့်နေပြီး လက်ကလည်း သူ့လက်များကို တွန်းဖယ်ရင်း ရှိုက်သံလေးဖြင့် ပြန်ဖြေသည်။
"ကျွန်တော်... အင့်... မလိမ်ဘူး.. အင့်.. ကျွန်တော့်မှာ... အင့်... အရှင်တစ်ယောက်ပဲ ရှိတာ။"
"ကိုယ်တော်က မင်းကို ဘာလို့ ယုံရမှာလဲ။ မင်းကိုယ်တိုင်ကရော ကိုယ်တော့်ကို ကြည်ဖြူဖူးလို့လား။"
ဝမ်ဧကရာဇ်က လွှတ်ပေးလိုက်တော့ ရှောင်းကျန့်က ခုတင်ပေါ် ပုံလျက်လဲသွားပြီး တိုးတိုးလေး ရှိုက်သည်။ ဝမ်ရိပေါ်မှာတော့ သဝန်တိုတာရော၊ သံသယပေါင်းစုံရော ရောထွေးကာ ရှောင်းကျန့်ကိုမျက်မှောင်ကြုတ်၍ ကြည့်နေမိသည်။
ရှောင်းကျန့်က ခုတင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်လိုက်ပြီး သူ့အပေါ်ရုံခါးစည်းကြိုးကို တုန်တုန်ယင်ယင်ဖြင့် ဖြည်သည်။