7.4K 577 12
                                        

"မသိတော့ မင်းက ကိုယ်တော့်ကြင်ယာတော်ကို ဘာလုပ်ချင်တာလဲ။"

ဝမ်ဧကရာဇ်၏ အသံက ဟိန်းထွက်လာတာကြောင့် အစေခံအားလုံးက ကြောက်လန့်တကြား ဒူးထောက်သည်။ ရှောင်းကျန့်ကို ဆူပူနေသည့် လူကလည်း တောင်းပန်သည်။

"အရှင့်ကြင်ယာတော်မှန်း မမှတ်မိလိုက်လို့ပါ။ ခွင့်လွှတ်ပေးပါ။"

ရှောင်းကျန့်က တံတွေးမြိုချလိုက်ပြီး ဖြည်းဖြည်းလေးလှည့်ကြည့်သည်။ ဝမ်ဧကရာဇ်က သူ့နောက်တွင် ထီးထီးကြီး ရပ်နေသဖြင့် သူက ခေါင်းငုံ့လိုက်မိသည်။

"အ... အရှင်"

ဝမ်ဧကရာဇ်က သူ့ကို စုံချည်ဆန်ချည်ကြည့်လာပြီး ခြေထောက်နံဘေးရှိ သွေးစများကို မြင်သွား၏။

"မမှတ်မိဘူး.. နန်းတော်တစ်ခုလုံးမှာ တစ်ပါးပဲရှိတဲ့ ကြင်ယာတော်ကိုတောင် မသိလောက်အောင် မင်းမျက်လုံးက ကန်းနေတာလား... ဝမ်ရှို့မင်။ သူ့ခြေထောက်ကို ရှသွားပြီ... ကျစ်"

ဝမ်ဧကရာဇ်က ဆူပူတော့ မင်းသား ၄ ဝမ်ရှို့မင်က ချက်ချင်းဒူးထောက်သည်။

"ခွင့်လွှတ်ပေးပါ... ကျွန်တော်မျိုး မသိလိုက်လို့ပါ။"

"မင်းရဲ့ ပန်းအိုးအစုတ်တွေကို သေချာရှင်းထား... နောက်တစ်ခါ ထပ်ဖြစ်ရင် ဒီဥယျာဥ်ကို အသေပိတ်ပစ်မယ်။"

ဝမ်ဧကရာဇ်က ပြောပြောဆိုဆိုဖြင့်ရှောင်းကျန့်ကိုဒူးကောက်ကွေးမှလက်လျှိုကာပွေ့ချီလိုက်ပြီးထွက်လာခဲ့၏။ ရှောင်းကျန့်က ကြောက်အားလန့်အားဖြင့် သူ့လည်ပင်းကို သိုင်းဖက်ပြီး သူ့ကို မော့ကြည့်နေ၏။

"ဘာလို့လျှောက်ပြေးနေရတာလဲ... ရှောင်ရှောင်းက ကလေးလား။"

"ဟင့်အင်း"

ရှောင်းကျန့်က တိုးတိုးလေးပြန်ဖြေပြီးခေါင်းငုံ့သွားပြန်သည်။ အရင်ဘဝကတည်းက ရှောင်းကျန့်ကအတော်လေးအနေအေးပြီး သူ့ကိုပစ္စည်းလေးတစ်ခုတောင်မပူဆာတတ်ပေ။ အနေအေးလွန်းသောရေခဲတုံးလေးကို သူက သိပ်တော့ အားမရချင်။

အဆောင်ပြန်ရောက်သည်အထိ ရှောင်းကျန့်က သူ့ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးပါလာ၏။

Behind the Beauty Dove le storie prendono vita. Scoprilo ora