၁၅

6.4K 506 12
                                    

၁၅

ညဉ့်သန်းခေါင်ယံအချိန်ဖြစ်နေ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဧကရာဇ်၏ ကိုယ်ရံတော်တပ်ဖွဲ့များက လမ်းများပေါ်တွင် အလျင်အမြန် ပြေးလွှာနေကြပြီး အမတ်များအိမ်ကို ဝင်စစ်သည်။ ရှောင်တခင်ဝင်စစ်ခြင်းကြောင့် အခွန်မလျှော့ပေးသည့်အမှုများက ဘူးပေါ်သလို ပေါ်သွားကြပြီး သုံးနှစ်စာအခွန်အခများကို ဒဏ်​ကြေးအဖြစ်ပေးဆောင်ကြရသည်။

အားဖုန်းက လမ်းထောင့်ချိုးတွင်ရပ်လိုက်ပြီး ပေလိပ်ကိုထုတ်ကာ လက်ထဲမှ မီးတုတ်ဖြင့်ကြည့်သည်။

"ရှောင်းအမတ်ကြီးအိမ်ပဲ ကျန်တော့တယ်။ ဒီလမ်းပဲ။"

သူတို့က လမ်းအတိုင်း ဝင်လာကြပြီးရှောင်းအမတ်အိမ်ကိုဝင်သည်။ ရုတ်တရက်ဝင်လာသောကိုယ်ရံတော်တပ်ကြောင့် ရှောင်းအိမ်တော်တစ်ခုလုံး ပြာယာခတ်သွား၏။ ရှောင်းအမတ်ကြီးနှင့်သူ့ဇနီးများကလည်းဒရောသောပါးပြေးထွက်လာကြသည်။

"ရှောင်းအိမ်တော် အမိန့်နာခံ။"

အားဖုန်းက အမိန့်စာကိုဖွင့်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်တော့တစ်အိမ်လုံးဒူးထောက်ရသည်။

"ကျွန်တော်မျိုး နာခံပါတယ်။"

"ယွီရှပြည်၏ ဧကရာဇ် ကောင်းကင်မင်းကြီး၏သားတော် ဝမ်ရိပေါ် မိန့်တော်မူသည်မှာ

ငါကိုယ်တော်မြတ်က ပြည်သူများအပေါ် ညှာတာမှုဖြင့်အခွန်တစ်ဝက်လျှော့ချရန်အမိန့်ချခဲ့သော်လည်း အမတ်အချို့က မနာခံခဲ့ပေ။ ထို့ကြောင့်အိမ်တော်များအတွင်းဝင်ရောက်ရှာဖွေခွင့်ပြုလိုက်သည်။ အခွန်မလျှော့ခဲ့လျှင် ဒဏ်ငွေအဖြစ် အခွန်အခသုံးနှစ်စာကိုညတွင်းချင်း ပေးဆောင်ရမည်။

အမိန့်တော်..."

"ကျွန်တော်မျိုး နာခံပါတယ်။"

အားဖုန်းက သူ့လူများကိုမျက်ရိပ်မျက်ခြေပြလိုက်၏။ သူ့လူများက ရှောင်းအိမ်တော်အတွင်းပြေးဝင်သွားပြီး နေရာလပ်မကျန်အောင်ရှာဖွေသည်။ ရှောင်းအိမ်တော်က အတော်လေးကျယ်သဖြင့် အချိန်တော်တော်ကြာမှရှာ၍ပြီးသည်။ ကိုယ်ရံတော်တစ်ယောက်က စာရင်းစာအုပ်များနှင့် ငွေလက်မှတ်များကိုယူလာပြီးအားဖုန်းလက်ထဲ ထည့်ပေးသည်။

Behind the Beauty Donde viven las historias. Descúbrelo ahora