၂၄

6.4K 509 8
                                    

၂၄

"အရှင် .. အပြစ်ပေးရင်လဲ ခံပါ့မယ်။ ကြင်ယာတော်က သူ့သဘောနဲ့သူ နန်းရင်ပြင်ကို သွားခဲ့တာပါ။ ကျွန်မ တားပေမဲ့ မရပါဘူး။ လော့အာ အပြစ်ရှိပါတယ်။"

လော့အာက ကြမ်းပြင်ပေါ် ဒူးထောက်ထားရင်း အမှန်အတိုင်း ပြောသည်။ ရှောင်းကျန့်ကို သနားနေမိတာရော၊ သူ့ကိုယ်သူ အပြစ်တင်နေမိတာရောကြောင့် သူက အပြစ်ပေးခံရမှာ မကြောက်ပေ။

ဧကရာဇ်၏ စာကြည့်ဆောင်က တိတ်ဆိတ်နေပြီး လော့အာ၏ အသက်ရှူသံမျှင်းမျှင်းကိုသာ တစ်ခါတစ်ခါ ကြားနေရသည်။ ဝမ်ရိပေါ်က လော့အာကို အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ ပြောသည်။

"ထပါ"

"ကျေးဇူးတင်ပါတယ် အရှင်။"

လော့အာက ပြန်ဖြေရင်း မတ်တပ်ရပ်သည်။

"ရှောင်ရှောင်းကို သေချာဂရုစိုက်ပေး။ အစေခံတွေကို သတိထားပြီး စစ်။ သူ့ကို နောက်ထပ် အထိခိုက်ခံလို့ မဖြစ်ဘူး။"

ဝမ်ရိပေါ်က လော့အာကို အပြစ်မတင်တော့ဘဲ တရစပ် မှာသည်။ လော့အာက ရှောင်းကျန့်ကို သူ့မောင်လေးလို သဘောထားမှန်း သိတာကြောင့် သူက စိတ်ချသည်။

"အမိန့်အတိုင်းပါ အရှင်။ ဒါနဲ့လေ .. ကျွန်မ အတင့်ရဲပြီး တစ်ခုလောက် မေးခွင့်ပြုပါ။"

"မေး"

"ကြင်ယာတော်ကို လုပ်ကြံတဲ့တရားခံက ဘယ်သူပါလဲ။"

"မယ်တော်ကြီး"

ဝမ်ဧကရာဇ်က ပြန်ဖြေလိုက်တော့ လော့အာက အလန့်တကြား မော့ကြည့်သည်။ သူက မယ်တော်ကြီးကတော့ လူကောင်းဖြစ်မည်ဟု ထင်ထားသဖြင့် ပိုအံ့သြရသည်။ ဝမ်ရိပေါ်က ဝတ်ရုံလက်ကို ခါလိုက်ပြီး တစ်ဖက်သို့ လှည့်သွားကာ ဆက်ပြောသည်။

"ကိုယ်တော့်မှာ သက်သေမရှိတော့ ဘာမှလုပ်လို့မရဘူး။ အခွင့်အရေးရတာနဲ့ သူတို့ကို အမြစ်ကနေ လှန်ပစ်မယ်။"

ရှောင်းကျန့် လုပ်ကြံခံရသည့်ကိစ္စနောက်ကွယ်တွင် မယ်တော်ကြီး ရှိနေမှန်း သိသော်လည်း ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမည်စိုးသဖြင့် ငြိမ်နေရသည်။ အခွင့်ကောင်းကို သေချာဖမ်းကိုင်မိမှ အားလုံးကို မြေလှန်ပစ်ရန် သူ တွေးထားသည်။ ထိုအချိန်မှာပင် ချောင်ကုန်းကုန်း၏ အသံစူးစူးက ထွက်လာသည်။

Behind the Beauty Onde histórias criam vida. Descubra agora