၃)
ဧကရာဇ် ဖြစ်လာပြီးနောက်ပိုင်း ဝမ်ရိပေါ်၏နေ့ရက်များကပိုခက်ခဲလာခဲ့သည်။ ကိစ္စအားလုံးက သူ့ခေါင်းပေါ် စုပုံကျလာတာကြောင့် နားချိန်မရှိလောက်အောင် အလုပ်များရသည်။ အဆိုးဆုံးက ရှောင်းကျန့်နှင့်သူ အဆောင်ကွဲသွားခြင်း ဖြစ်သည်။
ယခင်က ရှောင်းကျန့်ကိုဖက်အိပ်၍ရသေးသော်လည်း ယခုမူမျက်နှာလေးမြင်ချင်လျှင်ပင် သီးသန့်ခေါ်တွေ့ရသည်။ ရှောင်းကျန့်ကလည်း သူ့ကိုပြန်မချစ်သေးတာကြောင့် ရိပေါ်က နမ်းရုံလောက်နှင့်သာကျေနပ်ရသည်။
သူ နန်းတက်ပြီး တစ်နှစ်အကြာတွင်အားလုံးက နေသားကျသွားခဲ့သည်။ တိုင်းပြည်ကလည်း ပို၍ စည်ပင်လာပြီး မင်းညီမင်းသားများကလည်း ပို၍ ချစ်ခင်လာကြသည်။ ဝမ်ရိပေါ်က စစ်ရေးစစ်ရာတွင်လည်းထူးချွန်သဖြင့်အေးချမ်းနေခဲ့သည်။
တစ်ခုသော ညနေခင်းတွင် သူက ရှောင်းကျန့်ကို ဆင့်ခေါ်ခဲ့သည်။ သူ ခေါ်မှ လာတတ်သောရှောင်းကျန့်ကြောင့်သူ့မှာအားမလိုအားမရဖြစ်ရသည်။
"အရှင်မင်းကြီး... ကြင်ယာတော်ရှောင်း ရောက်ပါပြီ။"
အပြင်ဘက်မှ ကုန်းကုန်း၏အသံကြောင့်ဝမ်ရိပေါ်ကသူ့လက်ထဲမှစာလိပ်ကိုပိတ်သည်။
"ဝင်ခိုင်းလိုက်... မြန်မြန်ဝင်ခိုင်းလိုက်"
တံခါးက ပွင့်သွားပြီး အဝါရောင်ဖျော့ဖျော့ဝတ်စုံလေးဝတ်ထားသည့်ရှောင်းကျန့်က စာကြည့်ဆောင်ထဲဝင်လာ၏။
"အရှင့်ကို ကျွန်တော်မျိုး ဂါရဝပြုပါတယ်။"
ရှောင်းကျန့်က ဂါရဝပြုတော့ ဝမ်ရိပေါ်က ထကာ သူ့လက်ကိုဆွဲ၍ နံဘေးတွင်ထိုင်စေသည်။
"မလိုပါဘူးဆိုကွာ... လာ... ကိုယ်တော့်နားမှာလာထိုင်။"
"ဟုတ်"
"ရှောင်းငယ်... ကိုယ်တော် ဒီလပြည့်နေ့ကျရင် မင်းနဲ့အိပ်ဆောင်ဝင်မယ်။"
ရှောင်းကျန့်က လန့်သွားပြီး သူ့ကို မော့ကြည့်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်၏ ပါးပြင်လေးကိုနမ်းလိုက်ပြီး ပြောသည်။