၁၆
ရှောင်းမားနှင့် သူ့အစေခံက နံနက်အစောကြီးကတည်းက ကွေ့ရှန်းနန်းဆောင်ရှေ့တွင် စောင့်နေ၏။ ရှောင်းကျန့်က ဧကရာဇ်နန်းဆောင်တွင် အိပ်သည့်ရက် များသဖြင့် ကွေ့ရှန်းအဆောင်က တိတ်ဆိတ်နေသည်။ အစေခံတစ်ယောက်က အဆောင်ထဲမှထွက်လာသည်နှင့် သူက မေးသည်။
"ကြင်ယာတော်ရှောင်းနဲ့ တွေ့ချင်လို့ သွားပြီးသတင်းပို့ပေးပါဦး။"
"ဟို... ကြင်ယာတော်က ဧကရာဇ်နန်းဆောင်မှာပါ။"
"အဲ့ဒါဆိုလဲ သွားခေါ်ပေး။ သူ့အမေ လာတယ်လို့လျှောက်တင်လိုက်။"
ရှောင်းမားက မျက်နှာကိုမော်ချီလျက်ပြောလိုက်၏။အစေခံကောင်မလေးကထိတ်လန့်သွားပြီးသူ့ကိုအတန်တန်တောင်းပန်သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... သခင်မကြီး။ အခုသွားလျှောက်တင်ပေးပါ့မယ်။"
အစေခံမိန်းကလေးက သူ့ကိုလောကွတ်ပြုရင်းအခြားအစေခံများကိုအော်သည်။
"သခင်မကြီး အထဲဝင်ပြီး စောင့်နေပါ။ လာကြစမ်း... ရှောင်းသခင်မကြီးကို ဧည့်ခံလိုက်။"
"မြန်မြန်သာ သွားစမ်းပါ။"
သူက ပိတ်ဟောက်လိုက်တော့ အစေခံကောင်မလေးက အလျင်အမြန်ပြေးထွက်သွား၏။ ရှောင်းမားက သူ့အစေခံနှင့်အတူ ကွေ့ရှန်းနန်းဆောင်ဝင်းထဲ ဝင်လာခဲ့သည်။ ခြေချလိုက်သည်နှင့်ပထမအကြိမ်လာစဥ်ကမတွေ့ဖူးသော ဥယျာဥ်ကိုတွေ့လိုက်ရသည်။
"သခင်မကြီး... အထဲကို ကြွပါ။"
ခပ်ငယ်ငယ်ကုန်းကုန်းတစ်ယောက်က သူ့ကိုဧည့်တွေ့ဆောင်ဆီခေါ်သွား၏။
"ဒီဥယျာဥ်က အသစ်လုပ်ထားတာလား။"
ရှောင်းမားကမေးလိုက်တော့ ကုန်းကုန်းက ပြုံး၍ပြန်ဖြေသည်။
"အရှင်က ကြင်ယာတော်အတွက် လက်ဆောင်ပေးထားတာပါ။ အရှင်က ကြင်ယာတော်ကို တအားချစ်တော့ပျင်းမှာစိုးလို့ လုပ်ပေးတာပါ။"
"သြော်... ဒီလိုကိုး။"
ရှောင်းသခင်မကြီးက သူ့အတွေးနှင့်သူပြုံးသည်။
![](https://img.wattpad.com/cover/325383186-288-k939816.jpg)