၇
"အရှင့်ကို ကြင်ယာတော်ရှောင်း ရောက်နေတယ်လို့ပြောပေးပါ။"
ရှောင်းကျန့်က ချောင်ကုန်းကုန်းကို ပြောလိုက်ပြီး ရပ်စောင့်နေ၏။ အပြင်ဘက်တွင် လေစိမ်းတိုက်နေသဖြင့် သူက အပေါ်ရုံတစ်ထည်ကို ထပ်ဝတ်ထားရသည်။ ချောင်ကုန်းကုန်းက အတွင်းဆောင်ထဲ ဝင်သွားပြီး အတန်ကြာမှ ပြန်ထွက်လာ၏။
"ကြင်ယာတော် ဝင်သွားပါ။"
ရှောင်းကျန့်က ခေါင်းညိတ်ပြလိုက်ပြီး လော့အာနှင့်အတူ အတွင်းဆောင်ထဲဝင်လာသည်။ ဝမ်ရိပေါ်က အမိန့်စာများကို ဖြန့်၍ ဖတ်နေပြီး သူ့ကို မျက်လုံးတစ်ချက်သာ ဝင့်ကြည့်သည်။
"အရှင့်ကို ရှောင်းကျန့် ဂါရဝပြုပါတယ်။"
"ထပါ... သက်သာသွားပြီလား။"
ဝမ်ရိပေါ်က ဖတ်ချင်ယောင်ဆောင်နေသည့် ပေလိပ်ကို ပြန်ခေါက်လိုက်ပြီး မေးသည်။ ရှောင်းကျန့်မျက်နှာလေးက ဖြူဖျော့နေသဖြင့် သူ့ပုံစံက ကျိုးပဲ့လွယ်သည့် ကြွေရုပ်ကလေးနှင့်ပင် တူနေ၏။
"သက်သာပါတယ်... အရှင်။ ကျွန်တော် လက်ဖက်ရည်လာပို့ပေးတာပါ။"
ရှောင်းကျန့်က လော့အာလက်ထဲမှ လက်ဖက်ရည်ဗန်းကို ဝမ်ရိပေါ်ရှေ့သို့ တင်ပေးလိုက်ပြီး တစ်ခွက်ငှဲ့ပေးသည်။
"ကြင်ယာတော်ရှောင်းကလွဲရင် အကုန်လုံး အပြင်ထွက်။"
ဝမ်ဧကရာဇ်၏ အမိန့်ကြောင့် အစေခံအားလုံးကအပြင်ထွက်သွား၏။ နှစ်ယောက်တည်းကျန်မှဝမ်ရိပေါ်ကရှောင်းကျန့်ကိုခေါ်သည်။
"ကိုယ်တော့်နား လာပါဦး... ဘာလို့အဲ့လောက်အဝေးကြီးမှာရပ်နေရတာလဲ။"
ရှောင်းကျန့်က ပြန်မဖြေဘဲ သူ့လက်နှစ်ဖက်သူ ဆုပ်ချေနေပြီးမှ ဖြည်းဖြည်းလေး လျှောက်လာသည်။ စကားလည်း တစ်ခွန်းမျှမပြောဘဲ သူ့နံဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေတော့ ဝမ်ရိပေါ်မှာ အားမရဘဲ ဆွဲဆောင့်ပစ်ချင်လာမိသည်။
စိတ်ထက်လက်ကမြန်စွာ ရှောင်းကျန့်ခါးလေးကို ဆွဲချကာ သူ့ပေါင်ပေါ် တင်လိုက်တော့ ပေါ့ပေါ့ပါးပါးကိုယ်လုံးလေးက စွေ့ခနဲ။