၁၄
"ချပေး... ဖုကျွင်း..."
"ငြိမ်ငြိမ်နေ"
"အဟင့်... အကျင့်မကောင်းတဲ့ဖုကျွင်း. ..အင့်.. ရှောင်ရှောင်းကို အောက်ချပေး... ကတိမတည်တဲ့ယောက်ျား"
ရှောင်းကျန့်က ဝမ်ရိပေါ်ချီထားသည့်အတိုင်းငြိမ်ငြိမ်မနေဘဲ အတင်းရုန်းကာ ဆင်းသည်။ ဝမ်ရိပေါ်ကလည်း အဆင်းမခံဘဲ ခါးကို ထိန်းကိုင်ထားသဖြင့် သူကဝမ်ရိပေါ်၏ ခါးကို ခြေထောက်ဖြင့် ခွကာ ပခုံးကို သိုင်းဖက်သည်။ ဝမ်ရိပေါ်က သူပြုတ်ကျသွားမှာစိုး၍ ပေါင်တံနှစ်ဖက်ကိုထိန်းကိုင်လိုက်ရ၏။
"မသောက်နိုင်ဘူးလို့ ပြောသားပဲ။ ဘာလို့အများကြီးသောက်ရတာလဲ။"
"ဆူပါနဲ့... စိတ်ညစ်လို့ သောက်တာ...
.. ဖုကျွင်းက ဘာသိလို့လဲ။"ရှောင်းကျန့်က သူ့လည်တိုင်ကို တိုးဝှေ့ကာ သူ့ကိုအော်သည်။ ဝမ်ရိပေါ်က ပြုံးလိုက်မိပြီး မေးသည်။
"ဘာတွေများ စိတ်ညစ်နေရတာလဲ.. လူကြီးလေးရဲ့။"
"ကျွန်တော်က ဦးရီးတော်ကို မြူစွယ်ထားတာလို့ ပြောတယ်.... အင့်.... ရှောင်ရှောင်း အရမ်းငိုချင်တယ်... "
ရှောင်းကျန့်က ပြောရင်းသူ့ပခုံးပေါ်ခေါင်းမှီကာ တအင့်အင့်ရှိုက်ငိုသည်။ ဝမ်ရိပေါ်က မျက်မှောင်ကြုတ်လိုက်မိပြီး ချော့မေးသည်။
"ဘယ်သူက မြူစွယ်တယ်လို့ပြောတာလဲ။ နောက်ထပ်ဘာတွေပြောသေးလဲ။"
"ဦးရီးတော်ရဲ့ အရှုပ်တွေပေါ့..အင့်... ကချေသည်တွေက မြူစွယ်တတ်တယ်တဲ့.... အင့်... ရှောင်ရှောင်းက ကလေးမမွေးနိုင်ဘူးတဲ့... "
ဝမ်ဧကရာဇ်၏ မျက်နှာက တင်းမာလာပြီး သူ့အိပ်ဆောင်ဆီ ခပ်မြန်မြန်လျှောက်သည်။ ရှောင်းကျန့်က မူးမူးနှင့် ငိုရင်း ဗလုံးဗထွေး ပြောနေသေး၏။
"အဟင့်... ဘယ်သူက ယူခိုင်းလို့လဲ... ဦးရီးတော်ဘာသာ အတင်းယူထားတာလေ... အင့်... ပြီးတော့ ချစ်လဲ မချစ်ဘဲနဲ့ အနိုင်ကျင့်တယ်... ကတိလဲမတည်ဘူး။"
"ကိုယ်တော်က ဘယ်မှာကတိမတည်လို့လဲ။"
"မင်္ဂလာဦးညတုန်းက... အင့်.. ကျွန်တော် ပြန်ချစ်တဲ့အထိ စောင့်မယ်လို့ ပြောတယ်။ နန်းသိမ်းပွဲပြီးတော့... အားလုံးပြောင်းလဲသွားတယ်။"