၁၇

6.7K 577 20
                                    

၁၇

"ဒါလေး တပ်ထား။"

ဝမ်ဧကရာဇ်က ရှောင်းကျန့်ကို အဖြူရောင်မျက်နှာအုပ်ပဝါတစ်ထည် ပေးသည်။ ရှောင်းကျန့်က မတပ်ချင်တာကြောင့် ခေါင်းခါသည်။

"မတပ်ချင်ဘူး။"

သူက အရပ်သားဝတ်စုံလည်း ဝတ်ထားရသည့်အတွက် မျက်နှာအုပ်ပဝါ တပ်ရန်မလိုဟု ထင်သည်။

"လိမ္မာပါတယ်ကွာ... တပ်လိုက်။"

ဝမ်ရိပေါ်က ချော့ပြောတော့ ရှောင်းကျန့်က ခေါင်းကိုတွင်တွင်ခါသည်။

"မတပ်ချင်ပါဘူးဆို...မတပ်ဘူးလို့။"

ရှောင်းကျန့်၏ မိဘများအကြောင်းသိသွားသည့်အချိန်ကတည်းက ရှောင်းကျန့်အပေါ် ဝမ်ရိပေါ်၏ဆက်ဆံပုံများက များစွာ ပြောင်းလဲသွားခဲ့သည်။ သူ စိတ်အားငယ်မှာ စိုးတာကြောင့် အတော်လေး အလိုလိုက်ပြီး လုံးဝမဆူ၊ မငေါက်သဖြင့် ရှောင်းကျန့်က သူ့​ယောက်ျားကို မကြောက်တော့ပေ။ လုံးဝနီးပါးကို မကြောက်တော့တာဖြစ်သည်။ ဖုကျွင်း.. ဟု အသံအီအီလေးနှင့် ခေါ်လိုက်ရုံဖြင့် ဝမ်ဧကရာဇ်က သူ့ကို ဆူချင်စိတ်များပျောက်သွားမှန်း သူ သိသွားခဲ့သည်။ ပိုပြီးလည်းတွယ်တာလာခဲ့သည်။ချစ်သလားမချစ်သလားသေချာမသိသော်လည်း ဆယ့်လေးနှစ်ကွာသည့်လူကြီး မရှိလျှင်ဟာတာတာကြီး ခံစားနေတတ်ပြီ။

"မတပ်ရင် မသွားတော့ဘူး။ ကိုယ်တော်က ဆိုးတဲ့ကလေးတွေကို အလိုမလိုက်ဘူး။"

ဝမ်ရိပေါ်က ပြောလိုက်ပြီး ပဝါကို ခုတင်ပေါ်ချကာ သူ့အင်္ကျီခါးစည်းကြိုးကို ဖြည်သည်။ မျက်လုံးထောင့်မှလည်း ရှောင်းကျန့်ကို အကဲခတ်နေ၏။

"တကယ် မသွားတော့ဘူးလား..."

ရှောင်းကျန့်က သူ့ကိုငိုတော့မည့်မျက်နှာလေးဖြင့်ကြည့်နေရင်း မေးသည်။ဝမ်ရိပေါ်က ရှုတည်တည်နှင့် ခေါင်းညိတ်လိုက်ပြီးအရပ်သားအင်္ကျီကိုချွတ်သည်။

"မင်းကို လူတွေအများကြီး ဝိုင်းကြည့်မှာသိရဲ့သားနဲ့ကိုယ်တော်က သွားဦးမယ်ထင်လို့လား။"

"ဒါပေမဲ့... ဒါပေမဲ့ ဖုကျွင်းက ကတိပေးထားတယ်လေ။"

ရှောင်းကျန့်က သူ့ကိုမျက်နှာငယ်လေးဖြင့်ကြည့်နေ၏။ သူက ဈေးထဲလည်ဖို့အများကြီးမျှော်လင့်ထားခဲ့သော်လည်း ဝမ်ရိပေါ်က အလုပ်များတာကြောင့် တစ်လကျော်လောက်ကြာမှ ထွက်ခွင့်ရသည်။

Behind the Beauty Where stories live. Discover now