၁၀
"အတင့်ရဲလိုက်တာ"
ဝမ်ရိပေါ်က ဒေါသတကြီး ရေရွတ်ရင်း စားပွဲကို ဒုန်းခနဲထုသည်။ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့်လော့အာက တံတွေးမြိုချလိုက်ပြီး နောက်ဆုတ်သည်။
"ရှောင်ရှောင်းက ကလေးသာသာလေးပဲ ရှိသေးတာကိုကွာ..."
ဝမ်ရိပေါ်က မကျေမချမ်းဖြင့် ထပ်ပြောသည်။ အရင်ဘဝကတည်းက ရှောင်းကျန့်အမေက ရှောင်းကျန့်ဆီ မကြာမကြာ လာတတ်ပြီး အဖော်ပြုပေးတတ်သည်။ ထိုစဥ်က ဝမ်ရိပေါ်သည် သားအမိချင်းဖြစ်တာရော၊ ရှောင်းကျန့်က အထီးကျန်နေမှာစိုးတာကြောင့်ရော နည်းနည်းလေးတောင် သံသယမဝင်ခဲ့မိပေ။
"သူက ကလေးကို ဖိအားပေးပြီး သူ့ယောက်ျားကိုနေရာရအောင် ကြိုးစားနေတာပဲ။"
"ယောက္ခမဆိုတော့ နည်းနည်းလောက်မျက်နှာသာ ပေးလိုက်ရင်လဲ ဘာမှမဖြစ်ဘူးလို့ ထင်ပါတယ်။ ကြင်ယာတော်က ဦးရီးတော်နဲ့ ရှောင်းအိမ်တော်ကြားမှာ မြေစာပင်ဖြစ်သွားမှာ စိုးရပါတယ်။"
လော့အာက လျှောက်တင်သည်။
"ဆက်စောင့်ကြည့်ထား... ကြင်ယာတော်ကိုလဲ လုံးဝ ယုံလို့မရဘူး။"
"အမိန့်အတိုင်းပါ... ဦးရီးတော်။"
လေ့ာအာက အနောက်ဘက်တံခါးမှ တိတ်တဆိတ် ထွက်သွားမှ ဝမ်ရိပေါ်က အဆောင်ထဲတွင် ဟိုဘက်သည်ဘက် လျှောက်ရင်း အတွေးများရသည်။ မျက်လုံးမှိတ်ကာ တွေးနေရင်းမှ ရှောင်းကျန့်က သူ့ကို လုပ်ကြံခဲ့သည့်မြင်ကွင်းက အာရုံထဲပေါ်လာပြန်သည်။ မြင်ယောင်မိသည့်အချိန်တိုင်း သူ့စိတ်က အကြိမ်ကြိမ်အခါခါ သေရသည်။
"မင်း ကိုယ်တော့်အပေါ် ထပ်ပြီး သစ္စာမဲ့ဦးမှာလား.. ရှောင်ရှောင်း။"
ဝမ်ရိပေါ်က သူ့ဘာသာရေရွတ်လိုက်ပြီး ချောင်ကုန်းကုန်းကို ခေါ်သည်။
"ချောင်ကုန်းကုန်း"
"ကျွန်တော်မျိုး ရှိပါတယ်"
ချောင်ကုန်းကုန်းက ချက်ချင်း ပြေးဝင်လာ၏။
"ကြင်ယာတော်ရှောင်းကို ကိုယ်တော့်ဆီ လာအဖော်ပြုပေးဖို့ ပြောလိုက်။ အခုချက်ချင်း။"
![](https://img.wattpad.com/cover/325383186-288-k939816.jpg)