၂၁

5.8K 531 15
                                    

၂၁

ဝမ်ရိပေါ်က သူ့ရှေ့ရှိ မြူခိုးများကို ငေးကြည့်နေမိ၏။ မြူခိုးတို့ကား ဟိုသည်ဝေ့ဝဲနေကြပြီး အဆုံး၌ ကြည်လင်ပြတ်သားသည့်မြင်ကွင်းတစ်ခုပေါ်လာခဲ့၏။

ရှောင်းကျန့်က ဓားမြှောင်ကို ပစ်ချလျက် သူ့နံဘေးတွင် အသက်မဲ့နေသည့်အလား ငုတ်တုတ်ထိုင်နေ၏။ သူကမူ ရှောင်းကျန့်၏ ဓားချက်ကြောင့် အသက်မဲ့သွားခဲ့ရသည်။ နန်းဆောင်တံခါးက ဝုန်းခနဲ ပွင့်သွားပြီးနောက် ဝမ်ချန်းယွီက အဆောင်အတွင်းအလောတကြီး ဝင်လာခဲ့ပါ၏။

"ဟား... ဟား... ဟား... နောက်ဆုံးတော့ မင်းသေပြီ အစ်ကိုတော် ကိုး"

ဝမ်ချန်းယွီက တဟားဟား အော်ရယ်ရင်း ရှောင်းကျန့်ကို လက်မောင်းမှ ဆွဲမကာ နမ်းရှိုက်မည်ပြု၏။ ရှောင်းကျန့်က သူ့မျက်နှာကို တစ်ဖက်လွှဲလိုက်တော့ ဝမ်ချန်းယွီက သူ့မေးရိုးကိုအားဖြင့်ဆွဲလှည့်သည်။

"ကိုယ်တော်က အစ်ကိုတော် ကိုးလိုမျိုး မင်းကိုအလှကြည့်မယ်ထင်နေတာလား ရှောင်းကျန့်။"

ရှောင်းကျန့်က တအံ့တသြ မော့ကြည့်လာပြီးနောက်ခေါင်းငုံ့သွားပြန်သည်။ ဝမ်ချန်းယွီက ရှောင်းကျန့်၏နုထွေးအိစက်နေစည့်ဆံသားများကို မက်မက်မောမောနမ်းရှိုက်လိုက်ပြီးနောက် နှုတ်ခမ်းပါးများကိုပါ အတင်းနမ်းသည်။

ရှောင်းကျန့်က တဆတ်ဆတ်တုန်ယင်နေပြီးနောက်သည်းမခံနိုင်တော့ဟန် တွန်းထုတ်ပစ်လိုက်၏။

"တောက်... ရှောင်းကျန့်... မင်းကိုယ်မင်း ဘာထင်နေတာလဲ။ ရှောင်းအိမ်တော်တစ်ခုလုံး ငါ့လက်ထဲမှာနော်။"

ဝမ်ချန်းယွီက ဒေါသတကြီး မာန်မဲတော့ ရှောင်းကျန့်က ချက်ချင်းဒူးထောက်သည်။ ရှောင်းကျန့်ကဝမ်ရိပေါ်ထက်အသက်အများကြီးငယ်တာကြောင့် ဝမ်ချန်းယွီထက်လည်းအများကြီးငယ်သည်။ သူက သေချာပေါက်ကို ကြောက်နေပေလိမ့်မည်။

"အရှင်မင်းကြီး... ရှောင်းအိမ်ကို အရင်လွှတ်ပေးလို့ရမလားဟင်။ ပြီးတော့မှ... ပြီးတော့မှ ကျွန်တော်ကို ကြင်ယာတော်မြှောက်ရင်လဲ မနောက်ပါဘူး... ဧကရာဇ်။"

Behind the Beauty Onde histórias criam vida. Descubra agora