Ep-2❣️

2K 142 4
                                    

[Unicode]Life Blood ❣ (Ep>2)

ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဧည့်ကြိုနေရာသို့
လူတစ်စုနှင့်အတူ ဟိုငေးဒီငေးဖြင့်လိုက်ပါလာသူက
ရှောင်ကျန့်....
ပြီးခဲ့တဲ့ နှစ်ရက်လောက်တည်းက
အလုပ် လုပ်မည်ဆုံးဖြတ်ပြီးဟု အဖြေပေးမိခဲ့သောကြောင့်
ချက်ချင်း အိမ်ပြောင်းရွေ့ရဲ့ နေရာချခဲ့ရ၏။
သူနေရသည့် အိပ်ခန်းမှာလည်း ဦးလေးတို့
တိုက်ခန်းတစ်ခန်းစာလောက် ကျယ်ဝန်းသည်။
တစ်ရက်အတွင်း အိမ်တော်ရဲ့ဘယ်နေရာမှာဘာရှိတယ်
အခန်းဘယ်နှစ်ခန်းက အစ လေ့လာရေးဆင်းရသေးသည်။
သန့်ရှင်းရေးကတော့ သူလုပ်စရာမလိုသောကြောင့် တော်သေးသည်ပြောရမည်။
ခြံဝန်းကျယ်ကျယ်နှင့်အလှမီးအိမ်များ ပန်းပင်များ လသာဆောင် ဈေးကြီးကြီးအ‌ဆောင်အယောင်တြွေပည့်နှက်နေသည့် အိမ်တော်ကြီး ခြံဝန်းမျိုးမှာယခုလို
အလုပ် လုပ်ရမည်ဟု တွေးပင်မတွေးမိခဲ့...
အချိန်ဇယားအလိုက် အပြေးအလွှား အချိန်ပိုင်းအလုပ်နှင့်ယှဉ်လျှင်
သည်လို နေရာကောင်းတစ်ခုမှာ အလုပ် လုပ်ပြီး
ကျောင်းစရိတ်ပါ ပူစရာမလိုတော့တဲ့အတွက်
အတန်းကို ကောင်းမွန်စွာတက်ရင်း သူလေ့လာချင်တဲ့အရာတွေကို အချိန်ပေးပြီး လေ့လာလို့ရပြီမဟုတ်ပါလား။

ကောင်းတဲ့ဘက်ကကြည့်လျှင် ကောင်းကွက်တွေအများကြီးဖြစ်သောကြောင့် ဦးလေးကိုလည်း ကျေးဇူးတင်မိသလို
ယခုလာမည့် နာမည်နဲ့တင်ဆိုးရွားလှသော သူဌေးလေးဝမ်ရိပေါ်ကို အတတ်နိုင်ဆုံး သူသည်းခံနေပေးဖို့
ဆုံးဖြတ်ချက်ချမိသည်။သို့သော် အနိုင်ကျင့်လာခဲ့လျှင်လည်း သူက ကာကွယ်နိုင်ရန်ကြိုးစားပါမည်။

"ဂွီ"

ရုတ်တရပ် ဗိုက်မှ ထမြည်လာသော အသံကြောင့်
အတွေးစများရပ်ပြီး မနက်တည်းက ဘာမှမစားခဲ့ရတာ သတိရသွားသည်။
တစ်မနက်လုံး အမြင်မတော်တာတွေ လိုက်ရှင်းလင်းပြီးမှ
နေ့လည်‌စာချက်ပြုတ် ရေချိုးပြီးရုံရှိသေးသည်
ဝမ်ဥက္ကဋ္ဌ မှ သူ့သားအားလိုက်ကြိုပေးပါဟု ဖုန်းဆက်လာသောကြောင့်ပင်။
ဘာမှ စားချိန်မရလိုက်ပါ
ဗိုက်ဆိုသည်မှာလည်း နည်းနည်းမှအလိုက်မသိ
တဂွီဂွီသာ အော်နေတော့၏။
သူ့ဘေးနားမှာလည်း သက်တော်စောင့်တွေလိုလို
ကိုယ်ရံတော်တွေလိုလို အယောက်နှစ်ဆယ်ထက်မနည်းတဲ့ကောင်တွေက ရုပ်တည်ကြီးဖြင့်....
ဟို ကြီးကျယ်ကောင်ကို ကြိုဖို့ခုလောက်ထိအလုပ်ရှုပ်ခံနေကြတာကိုကြည့်ရင်း
သူ အမှန်တကယ် မြင်ပြင်းကပ်မိပါ၏။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now