Ep>31❣️

1.2K 81 4
                                    

[Unicode]Life Blood ❣️ Ep-31

*အ...*

နာကျင်မှုတွေကြောင့် သူ့အသိစိတ်ထဲ ငြီးငြူမိသည်။
လှုပ်ရှားဖို့ရာ အားယူလိုက်တိုင်း နာကျင်ရ၏။
သူ့နှုတ်ခမ်းတွေ ဘာလို့ ဟမရတာလဲ။

"ကျန့်...ကျန့်....ဟာ...ခုပဲ သတိရသွားတာ ဘာလို့ ငြိမ်သက်သွားရတာလဲ.. "

အကြားအာရုံမှ တစ်ဆင့် စကားသံတွေအားလုံးကို
အတိုင်းသားကြားနေရ၏။
သို့သော် သူ့တစ်ကိုယ်လုံး လှုပ်ရှား၍မရနိုင်
သူဘယ်ရောက်နေတာလဲ ဘာတြွေဖစ်နေတာလဲ....

သူ့ဦးနှောက်အသိတစ်ချို့ကို အပြေးအလွှားအလုပ်ပေးမိသည်။
ကိုက်ခဲလာသော ဦးခေါင်းကိုအံတုကာ
ဖြစ်ပေါ်လာသောမှတ်ဉာဏ်တစ်ချို့...

"ကျန့်.....ဟာကွာ...ရူးဝော့မှာပဲ..."

ဝမ်အစ်ကိုကြီးရဲ့ အားမလိုအားမရ စကားသံတွေမှာ
ဝမ်းနည်းမှု ကြေကွဲနာကျင်မှုတွေပါဝင်နေမှန်း သိသာထင်ရှားစေ၏။

ဝမ်အစ်ကိုကြီးပြောသမျှ သူကြားနေရပါတယ်ဆိုတာ
ဘယ်လိုအသိပေးရမည်နည်း။
သူကိုယ်တိုင် ဝမ်းနည်းမှုတွေ ဆို့တက်လာ၏။

"သားရယ်...စိတ်လျှော့ပါကွယ်...သားကျန့်ကျန့် သတိရလာမှာပါ..."

*မား...မားရော ရောက်နေတာလား...ပါး ပါးရော..*

ဖြစ်နိုင်လျှင် သူစိတ်ရှိလက်ရှိ အော်ငိုလိုက်ချင်ပါသည်။
ဘာလို့ ရှင်နေလျက်နဲ့ သေလူလို လှုပ်မရတာလဲ...
ပါးနှင့်မားကိုလည်း ပွေ့ဖက်ထားချင်သည်။
ဝမ်အစ်ကိုကြီးကို နှစ်သိမ့်ချင်၏။
သူကြောင့် အားလုံး စိတ်ဆင်းရဲနေရပြီ။

"လူနာက ထိခိုက်မှုများတာကြောင့်ပါ ဒါပေမယ့် သူသတိရနေပါပြီ...ခုပြောနေတာတွေ သူအကုန်ကြားနိုင်ပါတယ်"

"ဟင်...တကယ် ကျန့်ကြားနိုင်လား..."

သူ့အခြေအနေကို‌ပြောပြသည့် သူစိမ်းတစ်ယောက်၏
အသံဟာ ဆရာဝန်ပဲ ဖြစ်ပေလိမ့်မည်။

*ဟုတ်တယ်...ကျွန်တော်အကုန်ကြားရတယ် ဝမ်အစ်ကိုကြီးရဲ့...*
စိတ်ထဲ၌ရှိသောစကားလုံးများကို စိတ်နဲ့သာပြောရင်း
ဝမ်းနည်းမှုတွေဟာ မျက်ရည်အဖြစ်စီးဆင်းသွားသည်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now