[Unicode]Life Blood ❣️ Ep > 12
ယနေ့မှာတော့
ဒုတိယအကြိမ်မြောက် ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိတ်သို့ ရောက်ရှိနေခြင်းဟာ ဝမ်အစ်ကိုကြီးရဲ့အမေ
Londonမှ ရောက်လာမည်ဖြစ်သောကြောင်းပင်။လေဆိပ်တွင် ဖြတ်သွားဖြတ်လာ လူအတော်အများများရဲ့အကြည့်တွေဟာ သူတို့နှစ်ယောက်ထံ ရောက်ရောက်လာတာ
သူသတိထားမိ၏။
သူ့ရဲ့အကြည့်တွေဟာလည်း မကြာခဏ ဝမ်အစ်ကိုကြီးဆီ ရောက်ရောက်နေမိသည်။
ဂုတ်ထိခပ်ပါးပါးဆင်းသက်နေတဲ့
ဆံပင်ပုံစံက လူငယ်ဆန်ပေမယ့် တည်တင်းနေတဲ့မျက်နှာထားက
ကြည့်မိတဲ့အချိန်တိုင်းမှာ ဆွဲဆောင်မှုရှိသည်။
စတိုင်ပင်အနက်ဘောင်းဘီရှည်
အဖြူစင်းရှပ်အင်္ကျီအပေါ် မှ ခဲရောင် ကုတ်လက်ရှည်ကို
သပ်ရပ်စွာဝတ်ဆင်ထားသည့် ဝမ်အစ်ကိုကြီးဟာ
ငေးချင်စဖွယ်အတိ!သူခဏခဏ ကြည့်မိတဲ့အချိန်တွေမှာဆို
ဝမ်အစ်ကိုကြီးရဲ့မျက်နှာက ပြုံးရောင်သန်းသွားသလိုလို"ငါ အရမ်းချောနေလား..."
နှုတ်ခမ်းတစ်ဖက် ကော့ညွှတ်နေအောင်ပြုံးပြီး
မျက်ခုံးလေးပင့်ကာ မေးလာသည့်ရုတ်တရပ်
အခြေအနေကြောင့် သူအကြည့်တွေမလွဲနိုင်လိုက်ပါပဲ
ရင်ထဲတစ်နေရာက ဒိန်းခနဲ့ ဆောင့်ခုန်ကာ...."အဟမ်း....ဟို ..."
"ဘာလဲ..."
"ဘာမှ မဟုတ်တော့ဘူး..."
သူ ဝမ်အစ်ကိုကြီးနှင့် ဆန့်ကျင်ဘက်ကို မျက်နှာလှည့်ပစ်မိသည်။
ခုအနေအထားဟာ ရုပ်ပျက်နေသလား မတွေးတတ်တော့ပါ
သူ ခုတစ်လော ဘာတြွေဖစ်နေတာလဲ
ရင်ထဲတစ်နေရာရာက ပုံမှန်မဟုတ်တာတော့
သေချာသည် နေမကောင်းဖြစ်နေတာများလား
ဒါမှမဟုတ်....မဖြစ်နိုင်ဘူး လုံးဝမဖြစ်သင့်ဘူး
ချောလို့ ငေးမိရုံပဲ
ခုရောက်ရှိနေတဲ့နေရာကြောင့်ထင်တယ်
ပထဆုံး စတွေ့ခဲ့တုန်းကပုံရိပ် ဝမ်အစ်ကိုကြီးရဲ့ပုံရိပ်
ဘာလို့ အတွေးထဲ ထပ်ခါထပ်ခါမြင်နေမိရတာလဲ
ပြီးတော့ ဘာလို့ ဒီရက်ထဲ ဝမ်အစ်ကိုကြီးနဲ့ပတ်သတ်တဲ့ကိစ္စမှန်သမျှ ဘာလို့အမြဲတွေးနေမိတာလဲ။
ငါ......ငါ.....
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)