Ep>20❣️

1.4K 97 3
                                    

[Unicode]Life Blood ❣️ Ep-20

"ဝမ်..."

သူမရဲ့စူးစမ်းသလိုအကြည့်တွေကို
ရိပေါ် ပြန်စိုက်ကြည့်ပေးလိုက်တယ်။
သူမအကြည့်တွေမှာ အံ့ဩမှု
နှမြောတသမှု မနာလိုမှုတွေဟာ ‌ရှုပ်ယှက်ခတ်နေ၏။

"ဘာကိစ္စ တံခါးကို အဆက်မပြတ်ခေါက်နေရတာလဲ..."

"ဝမ်ကရော ဘာလို့ ဒီအခန်းထဲရောက်နေရတာလဲ..."

"ကိုယ့်ချစ်...."

"ဝမ်အစ်ကိုကြီး.."

ခပ်မာမာ မေးခွန်းပြန်ထုတ်လာသည့်သူမကြောင့်
ရိပေါ် သူမအားစူးစိုက်ကြည့်ကာ
ပြန်ပြောမည့် စကားတောင်မစ‌ရသေးပါ
ကျန့်က ဖြတ်ဝင်တားသည်။
ဘာ‌တွေ စိုးရိမ်နေတယ်မသိ
သူအတင်းအကြပ်လုပ်ရင်လည်း
စိတ်ကဆိုးနေဦးမည်။
ကျန့်ဝင်တားလည်း ဟိုကဖြင့် ရိပ်မိနေလောက်ပြီကို
လူတိုင်းကို
ကျန့်လို နုံနုံအအလို့များတွေးနေသလားမသိ‌တော့ပါ။
နောက်များမှ ပြောပြထားရဦးမယ်
လူအတော်များများက ရိုးသားဖြောင့်မတ်ခြင်းနဲ့ဝေးကွာတဲ့အကြောင်းတွေ....!

"ဘာတွေ ဖြစ်နေကြတာလဲ..."

အောက်ထပ်မှ တက်လာသည့်မားက
သူတို့အခြေအနေကိုမြင်၍ ဝင်မေးသည်။
ကျန့်ကို ကြည့်တော့ ခေါင်းငုံ့ထားကာ အနေရခက်နေပုံပင်
သို့ဖြင့် ကျန့်ကိုသူ့အနောက်ပို့ကာ သူကကျန့်ရှေ့မှာကာရပ်ထားလိုက်တယ်။ပြီးနောက် ကျန့်ဘက်ကိုလှည့်ကာ

"ကျန့်....ရေသွားချိုးတော့ ကိုယ်လည်း ရေချိုးရဦးမယ်...."

"ဟို..."

ရှေ့မှ အမျိုးသမီးနှစ်ယောက်စူးစူးစိုက်စိုက်ကြည့်နေတာကိုပင် ကျန့်မှာ အနေရခက်နေမှာ သူအသေအချာသိပါသည်။
သူအခန်းထဲ ဝင်ခိုင်းနေတာကိုတောင် တစ်ဟိုဟိုလုပ်ကာ
ရှေ့ကနှစ်ယောက်ကို အားနာနေသေးသည်။
ဒီကောင်လေးဟာလေ တွေ့စတုန်းက အကြောတင်းမလိုလို
ဂျစ်ကန်ကန်လိုလိုအချိုးတစ်စက်မှမပြေပဲ
ခုမှ မဝံ့မရဲတွေ သူတကယ် အားမရပါ။
နောက်များမှာ သင်ပေးရဦးမယ်
ဘာကိုမှ ဂရုမစိုက်ပဲ ကိုယ့်ပုံစံအတိုင်းပဲနေတတ်အောင်!

"ကဲ ...ဝင်တော့..."

ကျန့်ကို အတင်းအခန်းထဲ အသာတွန်းထည့်ကာ
တံခါးကိုပိတ်ချလိုက်ပြီး စူးစမ်းနေသည့်
အကြည့်နှစ်စုံကို သူရင်ဆိုင်လိုက်တယ်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now