[Unicode]Life Blood ❣️ Ep>7
"ဘုန်း...""
"အင့်..."
အိမ်ရောက်သည်နှင့်တွဲခေါ်လာသည့်
အမူးသမားကို ဧည့်ခန်းရှိ ဆက်တီခုံပေါ်သို့
ပစ်ချလိုက်ခြင်းဖြစ်သည်။အသံကြီးအသံကြောင်ဖြင့် အော်ငိုနေသူအမူးသမားကို
hotelကနေ မရမကဆွဲထုတ်လာခဲ့ရတာပင်
ကိုယ့်ကိုကိုယ် မူးလို့မူးမှန်းမသိ
hotelကြီးစောင်းနေပြီဆိုပြီး
သေမှာတော့ အတော်ကြောက်ရှာသည်။တစ်လမ်းလုံးလည်း ဘေးကနေ
နှုတ်ခမ်းကိုစူထော်ပြီး တစ်ဝူးဝူးဖြင့်အော်ကာ
သူပဲကားမောင်းနေသလိုလို
ဘယ်ယိမ်းလိုက်ညာယိမ်းလိုက်နှင့်
သူတော်တော် ကြိုးကြိုးစားစားမောင်းရှာသည်။ခုထိလည်း မျက်လုံးကြီးမှိတ်ပြီး
မျက်နှာပေးက ပြုံးစိစိလုပ်နေတာပင်..."ဟူး..."
အမူးသမားကို ပစ်ချအပြီး
သူလည်း မောမောဖြင့် ဝင်ထိုင်ချလိုက်သည်။
အမှန်ဆို သူလည်း အမူးသမားကိုထိန်းရင်း အနည်းငယ် ရီဝေဝေဖြစ်နေတာပင်။"အေ့....ဝမ်ရိပေါ် ဆိုတဲ့ကောင် အလကား...အေ့ ...ကြီးကျယ်...နေတာ..."
"ဘာ..."
ဒါ ဘယ်လို စော်ကားခြင်းမျိုးလဲ
သူ့ကြောင့် ကိုယ်မလုပ်ဖူးတာတွေအကုန်လိုက်လုပ်နေရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ
ယောက်ျားလေးဖြစ်ပြီး
နည်းနည်းတောင်မသောက်နိုင်ဘူး
အဖြစ်မရှိတဲ့ကောင်ကများ....
ဘာစိတ်ကူးပေါက်ပြီးများ သင်း ဖုန်းပြောနေတာကြားပြီး
လိုက်လုပ်ပေးမိတာလဲ
အာ....ဝမ်ရိပေါ် ဝမ်ရိပေါ် မင်း image ကျနေပြီတွေးမိရဲ့လား
ကျစ်.....!"အေ့...""
ရှောင်ကျန့်တစ်အေ့အေ့လုပ်ကာ
ယိုင်တိုင်တိုင်ဖြင့် ထထိုင်ပြီး
မျက်လုံးကျဉ်းကျဉ်းတွေနဲ့
ရိပေါ်ကို ကြည့်ပြန်သည်။
ပြီးမှ ရိပေါ်နဖူးတည့်တည့်သို့
လက်ညိုးလေးဖြင့် လှမ်းထောက်ကာ..."ဟီး...စိတ်ဆိုးနဲ့....ဝမ်ရိပေါ် ဆိုတာ ခင်ဗျားမလား...ခင်ဗျားက အလကားကောင် မဟုတ်တော့ဘူး ဒီနဖူးကနေ ဒီနှာခေါင်းကိုဆင်းသွားတာ ကျွန်တော်ကြိုက်တယ် လုံးလုံးလေး..ဟီး...."
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)