Ep>29❣️

1.2K 77 4
                                    

[Unicode]Life Blood ❣️ Ep-29

"ဝမ်အစ်ကိုကြီး ကျွန်တော် တစ်ယောက်တည်း ပြန်ပါရစေ..."

"ဟာကွာ.. မဟုတ်သေးပါဘူး..."

ကျောင်းပိတ်ရက်ရောက်တော့မည်မို့
ချုံချင်းကို မလိုက်ရဘူးဟု ပြောသောသူ့ကြောင့်
ဝမ်အစ်ကိုကြီးက စိတ်အလိုမကျဖြစ်နေသည်ပင်။
မခေါ်ချင်၍မဟုတ် ပါးနှင့်မားကို သူအရင် ဖွင့်ပြောချင်သေးသည်။
ဖုန်းပြောတိုင်းလည်း သူနှင့်ဝမ်အစ်ကိုကြီး ကိစ္စကိုထည့်မပြောရဲခဲ့။
ပါးနှင့်မားက အေးချမ်းတည်ငြိမ်သည်
သို့သော် ရှေးရိုးများဆန်နေခဲ့ရင် သူ့ရဲ့ဖြစ်တည်မှုကို
လက်ခံပေးကြပါ့မလား။
စိတ်မကောင်းများ ဖြစ်ကြလေမလား သူစိုးရိမ်မိ၏။
ထို့ကြောင့် မရေရာသေးသော အခြေအနေတစ်ခုမှာ
ဝမ်အစ်ကိုကြီးကို ခေါ်မသွားချင်ရုံပါ။
ဒါကို ဝမ်အစ်ကိုကြီး နားလည်အောင် ဘယ်လို ရှင်းပြရပါ့မလဲ!

"နောက်တစ်ခေါက်မှ လိုက်လေနော် ဒါမှ မဟုတ် တစ်ရက်နှစ်ရက်နေရင် လိုက်ခဲ့လေ ကျွန်တော်လှမ်းခေါ်လိုက်မယ်နော်..."

"ကျန့်..."

"လုပ်ပါ..."

"ဟူးးးးး''

ဝမ်အစ်ကိုကြီးက သူ့ကို ပြောမနိုင်တော့
ခပ်ငူငူဖြင့် လေပူတစ်ချက်မှုတ်ထုတ်ပြီး
သက်ပြင်းရှည်ကြီး ချ၏။

မိဘတွေလက်ခံအောင် တောင်းဆိုပြီး
ဝမ်အစ်ကိုကြီး လက်ကိုမြဲမြဲတွဲချင်ပါတယ်
မသေချာသေးတဲ့အခြေအနေတစ်ခုမှာ ဝမ်အစ်ကိုကြီးကို
စိတ်အနှောက်အယှက်မဖြစ်စေချင်တာပါ
ယုံကြည်ပေးနော် ဆိုသောစကားတွေကိုတော့ ရှောင်ကျန့် စိတ်ထဲ အကြိမ်ကြိမ်သာပြောနေမိ၏။
စိတ်ထဲရှိတိုင်းသာ ပြောလျှင် ဝမ်အစ်ကိုကြီး
သူ့ကို စိတ်ပူနေဦးမှာ မဟုတ်လား!

~~~~~~~~~~

ရိပေါ် သူ့ရင်ခွင်ထဲက အပူပင်ကင်းစွာအိပ်နေသည့် ကောင်လေးရဲ့ မျက်နှာလေးကို ငေးရင်း
အိပ်မပျော်နိုင်သေးပါ။
မနက်ဖြန်ဆို ချုံချင်းကို ခဏပြန်မည့်ချစ်သူကို ကြည့်၍မဝနိုင်
သူ့ခေါင်းထဲ အတွေးတစ်ချို့ကလည်း တစ်ဝဲဝဲလည်နေသည်။
ချုံချင်းပြန်မယ့်အရေး သူ့ကို ဘာကြောင့် မ‌ခေါ်သွားနိုင်ရတာလဲ တွေးမရ
ကျန့်က တစ်ခါတစ်ခါ လျှို့ဝှက်လွန်းတယ်လို့ ခံစားမိတာအမှန် သူကပဲ အစိုးရိမ်လွန်နေတာလား။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now