Ep 6❣️

1.6K 102 3
                                    

[Unicode]Life Blood ❣️ Ep> 6

"ကျန့် ဒါ...ဒါက နင့်အတွက်..."

club ချိန် Basketballဆော့ရင်း မောလာသည်မို့
ရေသောက်ရင်း ခဏနားနေချိန်
အသံကြားရာ မော့ကြည့်တော့

ရှက်ပြုံးလေးဖြင့် ခေါင်းလေးငုံ့ကာ
‌သူ့ရှေ့လာပေးသော လက်ကိုင်ပဝါအဖြူလေး
ခေါက်ထားတဲ့အပေါ်ယံလေးစာလုံးက "ကျန့်"ဟူသော စာတန်းလေး...
ချက်ချင်းမတုန့်ပြန်မိ
ထိုသူမအနောက်ကို လှမ်းကြည့်မိတော့ ခပ်လှမ်းလှမ်းမှ ကောင်မလေးတစ်ချို့ လှမ်းကြည့်ပြီး
တစ်ခစ်ခစ်လုပ်နေကြသည်။
သူမယူချင်ပါ ဒီသူမ သူ့ကိုအမြဲစောင့်ကြည့်နေတာ ရိပ်မိပါသည်။
တာဝန်မယူနိုင်တဲ့အရာတွေကို ရှောင်ကျန့် လုံးဝကစားရန်အစီစဉ်မရှိပါ။

"ပေး...သူမယူရင် ငါယူလိုက်မယ်"ဟူသော စကားသံနှင့်အတူ ဝင်ရောက်လာသူက ကျန်းချန်
ထိုသူမ မျက်နှာအနည်းငယ် ပျက်ယွင်းသွားပေမယ့်
အောင့်သက်သက်လေးပြုံးကာ...

"ဟို...သွားလိုက်ပါဦးမယ်..."

သူမ ခပ်သုတ်သုတ် ထွက်သွားမှ
ကျန်းချန် လက်ထဲကပဝါကို ရှောင်ကျန့်အား ပစ်ပေါက်လိုက်သည်။

"ဟ....ဘာဖြစ်တာလဲ..."

"ကြည်နူးနေတာမလား မင်း...."

"အာ...မဟုတ်တာ "

ကျန်းချန်ကိုကြည့်ပြီး ရယ်ချင်စိတ်က ထိန်းမရ
ဒီကောင်ဟာ အမြဲဒီလိုပဲ လူကိုဆို မျက်ဒေါင့်ကြီးနဲ့ကြည့်ပြီး အော်ဖို့ငေါက်ဖို့ပဲတွေးနေတဲ့ကောင်

"ဟေ့ကောင်...ရယ်မနေနဲ့ အိမ်ပြန်ဖို့လုပ်မယ်...""

"အေးပါ....."

ကျောင်းရှေ့ရောက်မှ ကျန်းချန်တို့နဲ့လမ်းခွဲကာ
bus မှတ်တိုင်ကို တစ်ယောက်တည်းလျှောက်လာခဲ့သည်။
ဒီနေ့ clubမှာအချိန်ပေးတာ များပြီး
အိမ်ပြန်နည်းနည်းနောက်ကျတော့မည်။
ဝမ်အစ်ကိုကြီး တစ်ယောက်တည်း အလုပ်ရှုတ်နေလိမ့်မည်ထင်....
သူပြန်ရောက်ရင်တော့ ညစာပြင်ဆင်ပေးရပါဦးမည်။
ခုတစ်လောမှာတော့ သူနှင့်ဝမ်အစ်ကိုကြီးဆက်ဆံရေးက
ချောမွေ့သည် ပြောရမည်လား။
တဖြည်းဖြည်း သိလာရတာက ဦးလေးပြောသလောက်
မဆိုတာပင်
ဝမ်အစ်ကိုကြီးက အတွင်းစိတ်ထားကနုနုယ်သည်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now