Ep>27❣️

1.2K 91 2
                                    

[Unicode]Life Blood ❣️ Ep-27


"မင်းရဲ့ အတ္တတွေကိုလျှော့သင့်ပြီ ရှောင်ဟူယွဲ..."

ဝမ်ရွှမ်းယွီရဲ့ လေသံက ပုံမှန်ဖြင့်သာ
သို့သော် ရှောင်ဟူယွဲဟာ အတ္တ ကြီးသူပီပီ
နည်းနည်းမျှ အလျှော့ပေးလိုစိတ်မရှိ
သည်လို တင်းမာခဲ့မှုတွေကြောင့်
ရိပေါ်လေးဟာ မိတစ်ကွဲဖတစ်ကွဲနေခဲ့ရတာ မဟုတ်လား...!

"ဒီမှာ ဝမ်ရွှမ်းယွီ သားကို ဘယ်လို စိတ်ကူးနဲ့များ ယောကျာ်းလေးတစ်ယောက်နဲ့ သဘောတူနိုင်ရတာလဲ..."

"လူလူချင်း မေတ္တာမျှကြတာ ဘာများ ဆန်းလို့လဲ.."

"သိပ်ကို ဆန်းတာပေါ့ သားက ပျော်ရွှင်နိုင်မှာလား ဘယ်မှာလဲ မြေးတြွေမစ်တွေ ဘယ်မှာလဲ မျိုးဆက်တွေ ဒီသားတစ်ယောက်ပဲရှိတာ ရှင်က မျိုးတုံးခံမှာလား..''

"တိတ်စမ်း...ဟူယွဲ မင်းမေးသလို ပြန်မေးမယ် မင်း သားရဲ့ပျော်ရွှင်မှု စိတ်ချမ်းသာမှု နည်းနည်းလောက်တွေးကြည့်ဖူးလား မင်းတွေးကြည့်စမ်း...ငါတို့က ငါတို့သားကို ပျော်ရွှင်အောင် ထားနိုင်ခဲ့ကြလို့လား.."

သည်လိုပြောတော့ ရှောင်ဟူယွဲ တိတ်ဆိတ်နေသည်။
ဒါကို ရိပ်မိသည့် ဝမ်ရွှမ်းယွီသည် လေသံကို ထပ်လျှော့ကာ...

"ဟူယွဲ...တောင်းပန်ပါတယ် ငါမကောင်းခဲ့ပါဘူး ..."

"ခုမှ သိတာလား..."

ရှောင်ဟူယွဲဟာ လေသံမလျှော့ပါ
တင်းမာလျက် ဝမ်ရွှမ်းယွီ မည်သို့မည်ပုံ
ပြောပြရမည်နည်း။

"ဟုတ်တယ် ငါမှားခဲ့တယ် ငါတောင်းပန်တယ် မင်းဘက်ကရော တစ်ထစ်လောက်လျှော့ပေးရင် ငါတို့အဆင်ပြေသွားမယ် မထင်ဘူးလား..."

"ကောင်းပြီ...ရှင်ကစပြီးတောင်းပန်တော့ ကျေအေးပေးဖို့ စဉ်းစားပေးရမှာပေါ့ ဒါပေမယ့် သားကိုတော့ အဲဒီကောင်လေးနဲ့ ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး...."

"မင်း..."

"မားးးသဘောမတူလည်း ကျွန်တော်က ရအောင်ယူမှာမို့
ထပ်တားနေလည်း ထူးလာမှမဟုတ်ဘူး ဒီတော့ မားရဲ့စိတ်ကူးတွေကို လျှော့ချပေးပါ..."

"ဟင်...ရိပေါ် ဘယ်ချိန်တည်းက ရောက်နေတာလဲ..."

"ကြာပြီ..."

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now