[Unicode]Life Blood ❣️ Ep>11
"အ..."
တွန့်ခနဲဖြစ်ကာ အံကြိတ်အော်လိုက်သည့် သူ့အသံကြောင့်
ဓါးရှရာကို အရက်ပြန်နှင့်ဆေးကြောပေးသူက ခေါ်င်းလေးငုံ့ကာ
နှုတ်ခမ်းကို အနည်းငယ်ချွန်ပြီး လေပြေငွေ့ငွေ့လေးပေးရှာသည်။ယခုအနေအထားက ဧည့်ခန်းရှိ ဆက်တီခုံရှည်တစ်ခုံတည်း၌နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်နေသည့်အနေအထားဖြသ်သည်။
ဆိုတော့ မျက်နှာချင်းအကွာအဝေးတစ်ခုကလည်း ငါးလက်မလောက်သာအကွားအဝေးရှိ၏။
ရိပေါ် မြင်နေရသော
ရှောင်ကျန့်ရဲ့ မျက်နှာအနီးကပ်က ဆွဲဆောင်မှုရှိသည်လား သူလူတစ်ယောက်ကို အနီးကဖြစ်စေ အဝေးကဖြစ်စေ ဘယ်တုန်းကမှ ယခုလောက် စိတ်ဝင်တစားမကြည့်ဖူးပါ။ ခုမှာတော့ ရှောင်ကျန့်မျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို သူစိတ်ဝင်တစားရှုစားနေမိတာကိုပင် နှစ်သက်နေမိ၏။
ဒါက ဒဏ်ရာကို အနည်းငယ် ပိုသက်သာသလို။"မလုပ်တတ်ရင်...မလုပ်တတ်ဘူး ပြောလေ ခုတော့...."
"အဟွက် ....အဟွက်..."
ရုတ်တရပ် ခေါင်းမော့ပြီးစကားပြောလာသူနှင့်
မျက်လုံးချင်းဆုံမိလေသောအခါ
သူခိုးလူမိဖြစ်ရသလို တစ်ဖက်ကိုအမြန်လှည့်၍ ချောင်းတဟွက်ဟွက်ဆိုးကာ မလုံမလဲဖြစ်ရသည်။
ခံစားမှုက ထူးခြား၏။
သူရိပ်မိလိုက်သည် သူ့ရင်ဘက်တစ်နေရာက
ဒိန်းခနဲ ဖြစ်သွားတာဟာ ရင်ခုန်ခြင်းလား ရင်တုန်ခြင်းလား
မရေရာပေမယ့် တစ်ခုခုထူးခြားသွားတာ
အသေအချာပင်။သူချောင်းဆိုးသံကြောင့်
ရှောင်ကျန့်မှာ စကားကိုဆက်မပြောသေး
ရိပေါ် ချောင်းဆိုးတာ ရပ်ပြီဆိုမှ ဆက်ပြောလာသည်။"ထိတာ နည်းနည်းတောင်နက်သွားတယ် စတော်ဘယ်ရီလှီးတာ အဲဒီလောက် အားထည့်ဖို့လိုလို့လား ဓါးကထက်တာကို
လက်ကြီး ပြတ်ထွက်သွားရင် ဘယ်လိုလုပ်ကြမလဲ..."ရှောင်ကျန့်ရဲ့ ခုပုံစံက ကလေးလေးတစ်ယောက်ကို
စိတ်ပူလို့ ဆူနေသလိုဖြစ်နေသည်။
သူ့လက်ကိုလဲ ခပ်ဖွဖွ ဆုတ်ကိုင်ထားသေး၏။
ဖုန်းတစ်လုံး ဝယ်ပေးလိုက်သည့်အစွမ်းများလား
မဟုတ်နိုင်ပါ ရှောင်ကျန့် မျက်ဝန်းတွေက ကြည်လင်သည်။
ဟန်ဆောင်မှုကင်းတယ်
ရိပေါ် ကြည့်ရင်း စ ချင်လာသည်။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)