EP>33 💕

1.2K 69 0
                                    

[Unicode]Life Blood ❣️ Ep-33

"ဒီနေ့ ပျော်လား..."

"အရမ်းကိုပေါ့..."

ကျန့်ရဲ့အဖြေစကားကြောင့် ရိပေါ် ကြည်နူးစွာ
ပြုံးမိသည်။
ဒီနေ့တစ်နေ့လုံး ကုန်တိုက် အတွင်း ကျန့်ရဲ့ပျော်ရွှင်နေတဲ့ပုံစံက သူ့ရင်ထဲနွေးထွေးစေပြီး ကြည့်၍ပင်မဝ
ဝန်ထမ်းတွေနှင့်လည်း ဆက်ဆံရေးမှာ တစ်သားတည်းကျနေပြီး လာရောက်ဝယ်ယူအားပေးကြတဲ့ Customer တွေကိုလည်း မဲဖောက်ပေးရာတွင် အင်မတန်တက်ကြွလို့နေ၏။
Weiboတစ်ခွင် အပြုံးရွှင်သော ကုန်တိုက်ပိုင်ရှင်သူဌေးလေးရဲ့VIP‌ကောင်လေး ဆိုပြီး နာမည်ကြီးနေသည့် ကျန့်ရဲ့ပုံရိပ်တွေဟာ သူ့အတွက် ကြည်နူးစရာခံစားမှု အပြည့်ကို ပေးစွမ်းနိုင်သည်ပင်။

"ဒါနဲ့...ဝမ်အစ်ကိုကြီး ပါးနဲ့မားက ပြန်သွားတာ စောလိုက်တာ.."

"အွင်း ကိစ္စရှိလို့တဲ့..."

"အာ....အဲလိုကိုး..."

ခေါင်းတစ်ဆက်ဆက်ညိတ်ကာ ကားမှန်အပြင်ဘက်ကို လှည့်ကာငေးရင်း ပြုံးနေသည့် ကျန့်ဟာ ‌ယုန်ပေါက်ကလေးပမာ အင်မတန် ချစ်စရာကောင်းလွန်းလှသည်။

သူ့အတွေးနှင့်သူ ပြုံးရွှင်နေသူကို
ရိပေါ် စကားတော့ မစမိတော့ပါ။

အတွေးကိုယ်စီနှင့်သာ တိတ်ဆိတ်စွာ နှစ်ယောက်လုံးရဲ့မျက်နှာထက်၌ အပြုံးတွေ ဝေဆာလို့နေခဲ့ကြ၏။

~~~~
ခြံဝကိုရောက်သည်နှင့် ကားပေါ်မှခြံထဲကို လှမ်းမြင်နေရသည်မို့ ရှောင်ကျန့် မျက်ခုံးလေးများပင့်ကာ
ဝမ်အစ်ကိုကြီးဘက်သို့ အူကြောင်ကြောင်လေး လှည့်ကြည့်လိုက်မိ၏။

သူကြည့်တော့ ဝမ်အစ်ကိုကြီးက
ပြောလေ ဟူသော အဓိပ္ပာယ်ပါသောအကြည့်တို့ဖြင့်
မျက်ခုံးပင့်ပြသည်။

ထို့နောက် ရှောင်ကျန့်က ခြံထဲသို့တဖန်ပြန်လှမ်းကြည့်ပြီး

"တစ်ခြံလုံး အလှဆင်ထားတာလား..."

''..."

သူမေးတော့ ဝမ်အစ်ကိုကြီးက ပြုံး၍ခေါင်းညိတ်ပြသည်။
အနည်းငယ်တော့ တွေဝေမိ၏။
ခြံထဲသို့ ကားလေးတစ်ဖြည်းဖြည်း ဝင်လာသည့်တိုင်
လိုက်ငေးနေမိသည်ပင်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now