[Unicode]Life Blood ❣️ Ep-30
ခရီးသွားကားနံပါတ်~~~တိမ်းမှောက် သေဆုံးသူ ၆ ဦးနှင့်
ဒဏ်ရာရရှိသူ၂၈ဦး ဆိုသော
သတင်းကြားကြားရချင်း အရူးမီးဝိုင်းကာ
accidentဖြစ်ပွားရာ နေရာသို့ ရိပေါ် ချက်ချင်းလိုက်ပြီး
ဆေးရုံသို့ တောက်လျှောက်လိုက်ခဲ့တာဖြစ်၏။
သွေးရဲနီနီဖြစ်နေသော ကျန့်ကို မြင်လိုက်ရသည့်အခိုက်အတန့် ရူးမတက်နာကျင်ခဲ့ရသည်။
တစ်လမ်းလုံးလည်း ကျန့်ဘာမှမဖြစ်ဖို့
အကြိမ်ပေါင်းများစွာ မနားတမ်း ဆုတောင်းနေခဲ့တာပင်။
ဆေးရုံရောက်တော့ အရေးပေါ် operation လုပ်ရသည်မို့
အခန်းအပြင်၌သူ့မှာ အရူးမီးဝိုင်းကာ
ပူလောင်မှုတွေနဲ့ ငိုကြွေးခဲ့ရသည်။ကျန့်ရဲ့မိဘတွေနဲ့ကျန့်သူငယ်ချင်း မိဘတွေကိုတော့
ယွီ့မင်ကိုပဲ ခေါ်ခိုင်းလွတ်လိုက်ရ၏။
ကျန့်သူငယ်ချင်းနှစ်ယောက်က မှန်းပြတင်းပေါက်ဘက်မှာ
ထိုင်တာမဟုတ်သောကြောင့် ဒဏ်ရာ အပြင်းအထန်ကြီးတော့ မဟုတ်ခဲ့
ကျန့်မှာသာ မှန်ကွဲစတွေ စိုက်နေသည့် ဒဏ်ရာတွေဟာ
ရစရာမရှိအောင် စုတ်ပြတ်သတ်နေသည့် မြင်ကွင်းက
သူ့ရင်ကို ဓါးနဲ့အထပ်ထပ်ထိုးဆွနေသလို နာကျင်ရသည်။အချိန် တစ်နာရီကျော်ထိ operation လုပ်ပြီးနောက်
ကျန့်ကို အပြင်ထုတ်လာပြီး အခန်းထဲပြောင်းထယးပေးသည်။"သူ ဘယ်ချိန်လောက် သတိရနိုင်မလဲ..."
"ဒါတော့ အတိအကျ ပြောလို့မရဘူး လူနာက ကားမှန်ပြတင်းပေါက်နဲ့ရိုက်မိပြီး မှန်ကွဲစစိုက်သွားတဲ့ဒဏ်ရာတွေကပါ နည်းနည်းနက်တော့ အသက်အန္တရာယ်အထိ မစိုးရိမ်ရတာပဲ ကံကောင်းတယ် ပြောရပါမယ် ကျွန်တော်တို့ အကောင်းဆုံး
ကုသမှုတွေနဲ့အတတ်နိုင်ဆုံးကြိုးစားထားပါတယ် ဒီတစ်ရက်နှစ်ရက်အတွင်း သတိပြန်ရလာနိုင်ပါတယ် အဆင်ပြေသွားမှာပါ"ဆရာဝန်ရဲ့ ပြောစကားအရ ရိပေါ် သက်ပြင်းမောကြီးချမိသည်။
အဆင်ပြေသွားမှာပါ ဆိုသည့် စကားတစ်ခွန်းက
သူ့ရဲ့သောကတွေကို မဖြေဖျောက်နိုင်ခဲ့....
ဆရာဝန် ထွက်သွားပြီးမှ ကုတင်ဘေးမှခုံမှာဝင်ထိုင်လိုက်ပြီး
ကျန့်ရဲ့ လက်ကလေးကို ဆုတ်ကိုင်လိုက်တယ်။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)