Ep-3❣️

1.9K 127 3
                                    

[Unicode]Life Blood ❣️  (Ep>3)

"တီ...........'''

"ဒူ.........''

"ဒီး...ဒီ...ဒီ....''

နာရီမှ နှိုးစက်သံနှင့် ဖုန်းမှ Alarm မြည်သံတို့က
တစ်ခန်းလုံးဆူညံနေသည်။
ရှောင်းကျန့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ
မျက်ခုံးတန်းတွေတွန့်လျက် လွန့်လူးလာပြီး ခြေတစ်ချက်ဆောင့်မိ၏။
သူတကယ် ပင်ပန်းပါသည်
ဒီအိမ်ကိုရောက်ကတည်းက နည်းနည်းမှမနားရသေးပါ
မနေ့က လေဆိတ်မှအိမ်ကိုရောက်တော့
အတူသွားကြိုတုန်းကပါလာသည့် လူတစ်စုကို
ဝမ်အစ်ကိုကြီးမှ မလိုအပ်ဟုဆိုကာ
အကုန်ပြန်လွတ်လေတော့
ထိုလူတစ်စုမှာလည်း ဝမ်ဥက္ကဋ္ဌအမိန့်အရဆိုပြီး
ပေကပ်ကပ်လုပ်နေတော့တာပင်။
ဒါကို စိတ်မရှည်တော့သည့်
ဝမ်အစ်ကိုကြီးက သူ့ဘက်လှည့်ပြီး

*မင်း သူတို့ကိုမောင်းထုတ်လိုက် ငါမမြင်ချင်ဘူး* ဟုဆိုကာ
အိမ်ထဲတန်းဝင်သွားခဲ့တာ‌မို့
သူ့မှာ အစ်ကိုကြီးနောက်ပဲလိုက်ရမလိုလို
ခြံထဲကလူတွေကိုပဲ မောင်းထုတ်ရမလိုလို
သည်ကိစ္စကို မရှင်းနိုင်လျှင်လည်း အလုပ်ပြုတ်မှာစိုးရိမ်ရသေးသည်။

ဝမ်ဥက္ကဋ္ဌဆီ ဖုန်းခေါ်တော့လည်း သတ်မှတ်ထားချိန်နှင့်သာ
တိုး၍ ဖုန်း‌ပြန်‌ခေါ်လာမည့်အချိန်ကို ထိုလူတစ်စုနှင့်သူ ခြံဝန်းထဲ တစ်နာရီတိတိ စောင့်ဆိုင်းခဲ့ရ၏။
ပြန်ဆက်သွယ်လာတော့ *sorry ဦးလေး Meeting room ထဲရောက်နေလို့ သား အိမ်ကိုရောက်ပြီလား*ဟု ‌မေးလာမှ သူ့အခက်အခဲနှင့်ဝမ်ဥက္ကဋ္ဌရဲ့လူတွေကို
ပြန်ခေါ်ပါဆိုသည့်အကြောင်းကို သူသေချာရှင်းပြရ၏။
ထိုလူတစ်စု ပြန်သွားမှ သူလည်းအိမ်ပေါ်တက်ခဲ့ရသည်ပင်။
ဝမ်အစ်ကိုကြီးလည်း အခန်းထဲကထွက်မလာသလို
သူလည်း တံခါးမခေါက်ခဲ့ပါ လိုအပ်လျှင်ခေါ်လိမ့်မည်ဆိုသည့်အတွေးဖြင့်သာ
ညနေစာအတွက် ချက်ပြုတ်ပြီးတွင်
အခန်းတံခါးခေါက်ရန် ပြင်ခဲ့ပေမယ့်
ဖွင့်ဟနေသည့် တံခါးကြားမြှမင်လိုက်ရတဲ့မြင်ကွင်းကြောင့်
သူလှည့်ထွက်ခဲ့လိုက်သည်။
အနေအထားက ရယ်ရမလို ငိုရမလိုပင်ဖြစ်ခဲ့ရ၏။

"တီ!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!...."

သံရှည်ဆွဲကာ ထပ်ပြီးအော်လာသည့် Alarmသံကြောင့်
အတွေးစတို့ပင် ရပ်တန့်သွားရသည်။
ဝေဝါးမှုတို့ကနေ စိတ်အလိုမကျမှုအဖြစ်ပြောင်း‌သွားသောကြောင့်
မနက်မထနိုင်မှာစိုး၍ ကိုယ်တိုင်ပေးထားသော
Alarm သံတို့ကိုပင် ဒေါသထွက်လာမိသည်။
နာရီနှိုးစက်သံကို လှမ်းပိတ်ပစ်ကာ
ပြန်အိပ်ဖို့ ကြိုးစားရင်း အတွေးထဲဖျက်ခနဲပေါ်လာသည်က
ထိုလူ မျက်ခွက်နှင့်မနက်စာ ပြင်ဆင်ရန်

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now