Ep>17❣️

1.3K 98 6
                                    

[Unicode]Life Blood ❣️ Ep-17

"ဝမ်အစ်ကိုကြီး ဒါက ကော်ဖီဆိုင်လေးလား..."

"အွင်း...ဘယ်လိုနေလဲ...""

တစ်သီးတစ်သန့် ဖွဲ့ထားတဲ့ ဆိုင်ခန်းလေး
ကော်ဖီဆိုင်လေးမှန်း သိသာလွန်းတာက
နံရံဆွဲ ပန်းချီတွေက ကော်ဖီထိုင်သောက်နေတဲ့ စုံတွဲပုံ
တစ်ဦးတည်းဆွေးမြေ့မြေ့ ထိုင်သောက်နေပုံ
မိသားစု သုံးဦး ကလေးလေးက ကိတ်လေးကို စားနေတဲ့ပုံတွေ ခပ်မိုက်မိုက်ဆွဲချက်တွေဟာ
ကာလာစုံတွေနှင့်သက်ဝင်လှပလွန်းသည်။
နံရံပန်းချီတွေနှင့် အံဝင်ဂွင်ကျနေအောင်
ကြွေပန်းအိုးရှည်ရှည်ကြီးမှ ဖြာထွက်နေသော
ပန်းပင်တွေဟာ စိမ်းစိုပြီး ပွင့်ဖက်တွေရဲ့အလှဟာလည်း
တင့်တယ်လွန်းလှသည်။
ဘယ်သူကများ ဒီဆိုင်မှာ မထိုင်ချင်ပဲ နေမှာလဲ
ထို့တွင်
သူလည်းစားပွဲဝိုင်းတစ်ခုမှာ ဝင်ထိုင်လိုက်တော့
ဝမ်အစ်ကိုကြီးကပါ သူ့ရှေ့ ဝင်ထိုင်သည်။

"ကျွန်တော် ဒီဆိုင်ခန်းလေးကို အရမ်းသဘောကျတယ်....."

"အွင်း...ကိုယ်ရောပဲ..."

"ဒါတွေက ဝမ်အစ်ကိုကြီးရဲ့ စိတ်ကူးတွေလား..."

"ကိုယ်တစ်ယောက်တည်း ဘယ်ဟုတ်ပါ့မလဲ ကျွမ်းကျွင်တဲ့ decorationsပညာရှင်တွေရဲ့အကူအညီတွေပါတာပေါ့.."

သူ ခေါင်းတစ်ဆက်ဆက် ညိတ်မိရင်း
အတွေးတစ်ခုပေါ်လာသည်။

"ဒါဆို ဝမ်အစ်ကိုကြီး Landonကို မပြန်တော့ဘူးလား.."

"ပြန်စေချင်လို့လား..."

ဝမ်အစ်ကိုကြီးက
သူမေးခွန်းနှင့်သူ့အားပြန်သတ်လိုက်တာပင်။
စိတ်ရှိတိုင်း ဖြေလိုက်ရရင်
ဒီချိန်လေးကိုပဲ ရပ်ထားလိုက်ချင်တော့တာမျိုးပါ။

"ဖြေလေ.."

သူခေါင်းခါလိုက်မိသည်လား။

"အွင်း ဒီမှာပဲ အခြေချတော့မှာ ကိုယ့်နှလုံးသားက ဒီမှာ အခြေချဖို့ ဖြစ်တည်လာတာမို့လို့..."

ဝမ်အစ်ကိုကြီးက သူ့အားစေ့စေ့ကြည့်ပြီး
ပြောပြလာသောအခါ
သူ့ရင်ထဲ ဝမ်းနည်းရိပ်လေး ဖြတ်ပြေးသွားသည်။

ကိုယ့်နှလုံးသားဆိုတာ ဝမ်အစ်ကိုကြီးရဲ့ရည်ရွယ်သူကို
ညွှန်းဆိုတာ မဟုတ်လား။
သူနဲ့မဆိုင်နိုင်မှန်း အစောကြီးတည်းက သိထားပါလျက်
ခုစကားတစ်ခွန်းလေးနဲ့တောင်
ဘာလို့များ ဝမ်းနည်းနေရတာလဲ
ဘာလို့လဲကွာ စိတ်ထိန်းစမ်းပါ ရှောင်ကျန့်ရာ
ဘာမှမျော်လင့်မထားတာတောင်
ရင်ထဲနာလိုက်တာ။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now