Ep>26❣️

1.3K 94 4
                                    

[Unicode]Life Blood ❣️ Ep-26

"ဘာလို့ ကိုယ့်ကို မနိုးပဲ အခန်းထဲ‌တစ်ယောက်တည်း ဘာလို့ ထားခဲ့တာလဲ.."

ရှောင်ကျန့် မနက်စာပြင်နေတုန်း
ဝမ်အစ်ကိုကြီးရဲ့အသံလာရာ လှည့်ကြည့်တော့
ခွီး ခနဲ့ မထိန်းနိုင်အောင် ရယ်မိတော့သည်။
ဂုတ်ထိ သက်ဆင်းနေသော ဆံပင်တွေဟာလည်း
အရင်နေ့နဲ့မတူ ကပိုကရိုနှင့်ပွထနေသည့်အပြင်
အမေပျောက်၍လိုက်ရှာနေသည့် ကလေးသဖွယ်ပင်
စူပုတ်ပုတ် မျက်နှာပေးဖြင့် ပြောနေပုံက
အူယားစရာတောင်ကောင်းသေးသည်။

ဒီပုံစံတွေ ဘယ်တုန်ူက လုပ်တတ်သွားပါလိမ့်

"အိပ်ပျော်နေသေးလို့လေ..."

"ဦးလေး တို့ရော ..."

"အလုပ်သွားပြီလေ...ဒေါ်လေးရောပဲ ဆိုင်သွားပြီ..."

"အွင်း...ခုဘာစားရမှာလဲ..."

အ‌နားရောက်လာသူက ပြောလည်းပြော
‌အနောက်ကနေလည်း ခါးကို အသာအယာ ပွေ့ဖက်လာသည်။

ဒီအစ်ကိုကြီး နည်းနည်း ချွဲတတ်လာသလိုပင်။

"ပေါင်မုန့်ကင် ကော်ဖီ လွတ်ဦး ...ကျွန်တော့ လက်တွေ အင်္ကျီမှာ သုတ်လိုက်ရမလား.."

"လုပ်လိုက်လေ ကိုယ်က ကျန့်တစ်ကိုယ်လုံး ဘယ်နေရာ ဖြစ်ဖြစ် အဆင်ပြေတယ်..."

ဝမ်အစ်ကိုကြီးအတွက်
ပထဆုံး မနက်စာတုန်းက အိမ်ပေါ်ကနှင်ချခံရတာလေး
သတိရသွားပြီး ရှောင်ကျန့် ပြုံးမိသည်။
အဲဒီတုန်းကသာ အမြင်ကပ်ခဲ့‌တာ
ပြန်တွေးကြည့်တော့လည်း ကြည်နူးစရာလေးပင်။
ဝမ်အစ်ကိုကြီး ငိုနေတဲ့ Video Fileလေးကတော့ ခုချိန်ထိ
သူ့ဆီမှာ Copyတွေအထပ်ထပ်နဲ့ သိမ်းထားမိတုန်းရယ်ပါ။

"ကဲ...လွတ်‌တော့.. တစ်ညလုံးဖက်အိပ်ထားတာ အားမရဘူးလား..."

"အားမရပါဘူး..."

"ခင်ဗျား...လွတ်တော့...ကျွန်တော် ကော်ဖီပူမိတော့မယ်..."

"အာ... Sorry..."

သူပြောမှ ပျာပျာသလဲ လွတ်ပေးရှာသည်။

"မျက်နှာရော သစ်ပြီးပြီလား"

"အွင်း..."

"ဆံပင်တွေ အရမ်းပွနေတယ်..."

"ချစ်ဖို့ကောင်းတယ် မလား..."

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now