Ep 10❣️

1.6K 104 10
                                    

[Unicode]Life Blood ❣️ Ep-10

"ဒေါက် ....ဒေါက်...ဒေါက်...ဝမ်အစ်ကိုကြီး ကျွန်တော်ဝင်ခဲ့လို့ ရမလား"

"ဝင်ခဲ့.. "

ယုန်စုတ်ကို ပြီးခဲ့တဲ့ Sundayတည်းက သူစကားသိပ်မပြောဖြစ်ပါ...
သင်း က တော့ ဝမ်အစ်ကိုကြီး အစ်ကိုကြီးနှင့်လိုက်လိုက် အရောဝင်ပေမယ့်ပေါ့...
သူ အရောတဝင်ပြန်မလုပ်ဖြစ်တာ ခုဆို
အချိန် လေးဆယ့်ရှစ်နာရီ ကြာခဲ့ပြီဖြစ်သည်။

ခုလည်း Coffee တစ်ခွက် နွားနို့တစ်ခွက်ယူလာကာ အခန်းထဲဝင်ခွင့်တောင်းပြီး
ထိုင်ခုံဆွဲကာ သူ့အနားလာထိုင်သည်။

"အဟဲ ... Coffeeက ဝမ်အကိုကြီးအတွက် "

မျက်နှာချိုသွေးကာ ဖားနေသူကို
ရိပေါ် က....
"ခုံပေါ်တင်ခဲ့..."

ခပ်ပြတ်ပြတ် သူ့စကားကြောင့် ယုန်စုတ်မျက်နှာစူပုတ်သွားမှာကို ကြည့်စရာမလိုပဲ ခန့်မှန်းမိ၏။
သူဘာကြောင့်  ရှောင်ကျန့်အပေါ် ခုလိုတွေ စိတ်အလိုမကျနေတာလဲ
မတွေးတတ်ပါ။
သေချာသည်က အဲဒီညတည်းက
စိတ်တွေရှုတ်ထွေးနေတာ အမှန်
သူသိချင်နေတာ အဖြေတစ်ခုခု
သို့သော် ထုတ်မမေးတတ်‌သောအကျင့်ဟာ
ပွင့်လင်းမှုနည်းတယ် ဆိုရလေမလား။
တကယ်လို့ စိတ်ထဲရှိတဲ့အတိုင်း လုပ်လိုက်မယ်ဆိုလျှင်
လူတစ်ယောက်ရဲ့ လွတ်လပ်မှုကို
လိုက်ထိန်းချုပ်သလို‌ ဖြစ်နေမည်လား။
သူ ဘာတွေ တွေးနေတာလဲ!

"Coffee အေးကုန်ပြီထင်တယ်"

သူ့ကို အသိပေးသလိုမျိုးမဟုတ်ပါပဲ
Coffee ကို စိတ်ပူသလို ခပ်တိုးတိုးရေရွတ်လာသူကြောင့်
ရိပေါ် Coffeeခွက်ယူကာ တစ်ငုံသောက်ပြီး ပြန်ချထားလိုက်ရင်း
ရှောင်ကျန့်ရဲ့နွားနို့ခွက်ဆီကို အကြည့်ရောက်သွားတော့ တက်တက်စင်အောင်
ပြောင်နေလေပြီ။

သင်း က ဘယ်နေရာဖြစ်ဖြစ် မြန်ဆန်သွက်လက်တယ်!

သူ့အတွက်တော့ Coffee ဆိုတာ ပူပူ အေးအေး
ခါးသက်သက် အရသာက ဘယ်ချိန်မဆို ဆွဲဆောင်မှုရှိနေတာမျိုး...
ဒီလိုပဲ အလုပ်လုပ်ရင်းဖြစ်ဖြစ် နားနားနေနေဖြစ်ဖြစ်
တစ်စိမ့်စိမ့် သောက်ရတာမျိုးကို သဘောကျတယ်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now