[Unicode]Life Blood ❣️ Ep- 9
ယုန်စုတ်ရဲ့ ရွေ့လျားမှုတိုင်းကို
တောက်လျှောက်လိုက်ကြည့်နေမိသည်။
သင်း သူ့ကို ဘယ်တော့မြင်မှာလဲ
မြင်ရင် ဘယ်လိုတုံ့ပြန်မလဲ
အလုပ်ကြိုးစားနေလိုက်ပုံများ သွက်လက်တက်ကြွလို့အဟက် တော်တော်ငွေမက်တဲ့ကောင်
"ဟို.....ဝမ် သိပ်မစားဘူး စားမကောင်းလို့လား အဆင်မပြေရင် ဆိုင်ပြောင်းပေးရမလား..." ဆိုပြီး မေးလာသည့် သူမစကားကြောင့် ရိပေါ်အတွေးတွေ ခဏရပ်တန့်ထားလိုက်ရသည်။
"ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ရမလား..."
"ပြောပါ ကျွန်မ ကူညီနိုင်တာရှိရင်ပေါ့"
အပြုံးလေးဖြင့် မေးလာသည့် သူမကို ရိပေါ်အားနာလို၏စိတ်မရှိတော့သဖြင့်
"စာချုပ်ကိစ္စလည်း အဆင်ပြေသွားပြီဆိုတာ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါ" ပြောပြီး
ရိပေါ် စားပွဲဝိုင်းမှ ထရပ်လေတော့ ရိပေါ်နှင့်အတူပါလာသည့် အတွင်းရေးမှူး ယွီ့မင် မှာလည်း အလိုက်တသိထကာ ရိပေါ်နောက် အပြေးလေးလိုက်ပါလာခဲ့တော့၏။ကျန်ခဲ့သည့် ထိုသူမရဲ့ ခံပြင်းစိတ်နဲ့ကျစ်နေအောင်ဆုတ်ထားခဲ့သည့် လက်သီးဆုတ်လေးတွေကိုတော့
ရိပေါ်မြင်နိုင်မည်မဟုတ်ပါ။
~~~~"ဒီမှာ ဘာလုပ်နေတာလဲ..."
ဧည့်သည်တွေမှာထားတဲ့ စားရာတွေကိုချပေးနေတုန်း ကျောနောက်မှ ထွက်ပေါ်လာသည့်
ဝမ်အကိုကြီးရဲ့ စကားသံကြောင့် လူကတုန်တက်သွားရသည်။"ဟင်...ဝမ်...ဟို ဝမ်အကိုကြီး ဘယ်လိုလုပ် ဒီနား..."
"မင်းနားလေးနေလား ငါ့ကိုပြန်မမေးနဲ့"
ဝမ်အကိုကြီးရဲ့ မျက်နှာထားကတည်တင်းနေသည်။
ဘာလဲ ခုက သူ့ကိုစိတ်တိုနေတာလား
ဝမ်အကိုကြီး အိမ်ပြန်နောက်ကျမှာမို့
သူလည်း အချိန်ပိုင်းအလုပ် လာလုပ်မတာလေ
ဘာတွေကိုစိတ်တိုနေမှန်း မသိပေမယ့်
ဝမ်အကိုကြီးက ဆိုင်ကို Dinnerလာစားတဲ့ဧည့်သည်တစ်ယောက်
သူကလည်း ခုချိန်မှာ ဒီဆိုင်ရဲ့ဝန်ထမ်းတစ်ယောက်မို့
ဘာနေနေ ပွဲမဖြစ်အောင် စိတ်ကိုလျှော့ ထိန်းပြောရမည်။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)