Ep>32❣️

1.3K 75 3
                                    

[Unicode]Life Blood ❣️ Ep-32

အေးစိမ့်စိမ့်နံနက်ခင်းကို အံတုစွာ
နွေးနွေးထွေးထွေးနိုးထလာသည့် ကောင်လေးက
သူ့အား ဖက်တွယ်ထားရင်း အိပ်ပျော်နေသေးသူကို
အမြတ်တနိုးငေးကြည့်ရင်း
နှစ်ခြိုက်စွာပြုံးမိသည်။

ဒီရက်တွေထဲမှာ အဖြစ်အပျက်တွေ အများကြီးကြုံခဲ့ရတယ်
ဆေးရုံကဆင်းပြီးတာနဲ့တင် ကိစ္စကပြီးမသွားခဲ့ဘူး
သူ့ခြေထောက် ခြေဖဝါးတွေ ဒဏ်ရာတွေနဲ့မို့
တစ်ပတ်လောက်ကို လမ်းလျှောက်ရတာအဆင်မပြေခဲ့သည့်တိုင်.…
ဝမ်အစ်ကိုကြီးကပဲ အစစအရာ အရိပ်တကြည့်ကြည့်အနားမှမခွာ နေပေးခဲ့တယ်။
ရေချိုးတာ၊ ဆေးလိမ်းတာ၊ ပတ်တီးလဲတာ၊ အပေါ်ထပ်အောက်ထပ်အဆင်းအတက်လုပ်တာ အစခပ်သိမ်း အနားကမခွာ လိုလေသေးမရှိအောင် မငြီးမငွေ့ ဂရုစိုက်ပေးခဲ့တာပင်။
*ကျွန်တော် အဆင်ပြေပါတယ် နည်းနည်းနားပါဦးလို့*ပြောရင်တောင်
*ကိုယ် မပင်ပန်းပါဘူး ကျန့်အနားမှာသာ မနေရရင် ကိုယ်စိတ်ပင်ပန်းနေမှာမို့လို့ တကယ်ကိုယ့်ကို မပင်ပန်းစေချင်ရင်
နှင်မထုတ်ပါနဲ့...*တဲ့လေ
*ကျန့်က ကိုယ့်ဘဝ တစ်ခုလုံးပါတဲ့...*

ဝမ်အစ်ကိုကြီးဟာ တစ်ခါတစ်ရံ မထင်မှတ်တဲ့စကားတွေကို
ရင်ခုန်အောင် ပြောတတ်ပါသေးသည်။

သူနေမကောင်းခင် တစ်ပတ်လုံး
ပါးရောမားပါ ချုံချင်းကိုမပြန်ဖြစ်ပဲ
ဝမ်အစ်ကိုကြီး အိမ်မှာနေပြီး သူ့ကို ဝိုင်းဂရုစိုက်ခဲ့ကြတယ်။
ဦးလေးနှင့်ဒေါ်လေးအပါအဝင် ကျန်းချန်တို့ ရွှယ်ယန်တို့ပါ
မကြာခဏရောက်လာပြီး သတင်းမေးဂရုစိုက်ပေးမှုတွေဟာ
သူ့အတွက် အရမ်းကိုနွေးထွေးခဲ့တာ အမှန်။

ပါးနှင့်မားက ပြောတယ်
*မားတို့ ကျန့်ကျန့်လေးက သိပ်ကံကောင်းတာပဲ သူဌေးလေးဝမ် ဖွင့်ပြောတောင်းဆိုခဲ့တုန်းက မားတို့ လက်မခံနိုင်  ဖြေဆိုရခက်နေခဲ့ကြတာ ဒါပေမယ့် သူဌေး‌လေးဝမ်ရဲ့ ကျန့်ကျန့်အပေါ်ထားတဲ့ မေတ္တာတွေက မားတို့ကို အံ့ဩစေခဲ့တယ်
ကျန့်ကျန့်အပေါ် ဒီလောက်မေတ္တာထားနိုင်တဲ့ လူတစ်ယောက်ကို မားတို့ ဘယ်လိုစိတ်နဲ့ ငြင်းရက်မှာလဲကွယ်....မားတို့ သဘောတူကြည်ဖြူပါတယ်* တဲ့လေ....

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now