Ep 8 ❣️

1.5K 106 4
                                    

[Unicode]Life Blood ❣️ Ep - 8

ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာမို့
အိမ်သန့်ရှင်းရေး လာလုပ်သည့် အလုပ်သမားများအား ကူညီလုပ်ပေးဖြစ်သည်။
သက်ကြီးပိုင်း ဦးလေးတစ်ယောက်ဒေါ်ဒေါ်တစ်ယောက် သက်ငယ်ပိုင်း မိန်းကလေးနှစ်ယောက်
ထိူသူတို့အားလုံးက ရှောင်ကျန့်ရဲ့ ဖော်ရွေမှုကြောင့် သိပ်မကြာလိုက်တဲ့ အချိန်လေးမှာပဲ
ခင်မင်ရင်းနှီးသွားကြ၏။
ရယ်ရယ်မောမောဖြင့် သန့်ရှင်းရေးတွေ အတူတူလုပ်ရင်းကိုင်ရင်း ထိုသူတို့စားသောက်ဖို့ကိုလည်း
ရှောင်ကျန့်ကပဲ ချက်ပြုတ်ကျွေးဖြစ်တာပင်။
ဝမ်အကိုကြီးကတော့ ဒီလိုSundayရက်တွေမှာ
အိမ်မှာပဲ စာရင်းတွေလုပ်နေကျ
ဒီနေ့ အပြင်သွားစရာရှိတယ် ညစာလည်းပြန်မစားဘူး မှာသွားတော့
‌ရှောင်ကျန့်အတွက် အလုပ်ပေါ့သည်ဆိုပါတော့။
ပြီးခဲ့တဲ့Sundayတွေတုန်းက
ဝမ်အကိုကြီး အလုပ် လုပ်နေတဲ့နားပဲနေပြီး
ခိုင်းသမျှလိုက်လုပ်ပေးနေရတာမို့
ဦးလေးတို့ဒေါ်ဒေါ်တို့နဲ့အကျွမ်းတဝင် ခေါ်ပြော‌ခဲ့ကြတာမျိုးမရှိခဲ့ပါ...

ဘာနေနေ ဒီရက်တွေထဲမှာတော့ ဝမ်အစ်ကိုကြီးက
ပေါင်းရသင်းရ အတော်အဆင်ပြေလာသည်ဟု
သူထင်သည်။

"ဝါး….ဒီအကိုလေး လက်ရာက တကယ် စားလို့ကောင်းလိုက်တာ...""

"ဟုတ်ပါ့"

စားလည်းစား ချီးမွမ်းခန်းတွေလည်း ဖွင့်တော့
ရှောင်ကျန့်မှာ အနေရခက်လာသလို ပီတိလည်းဖြစ်မိပြန်၏။
တစ်ဆက်တည်း အိမ်ကြီးရှင် ဝမ်အကိုကြီးကို
သွားသတိရမိပြန်သည်။
ဘာလို့ဆို သူချက်ကျွေးသမျှ ကောင်းလားလို့မေးရင်
"ငါထပ်စားကြည့်မှ သိမယ်ထင်တယ်"ရုပ်တည်ကြီးနဲ့ပြောပြောပြီး အများကြီးစားစားသွားတာပင်။
စားပြီး နားမလည်ဆိုတာ ဒါမျိုးဖြစ်မယ်ထင်....!

"ဟယ်....အကိုလေး...ပြောတာလည်းမကြားဘူး ဘာတွေတွေးနေတာလဲ...""

"ဟို...ဘာပြောလိုက်တာ..."

"အကိုလေး လက်ရာအရမ်းကောင်းတယ်လို့ပြောနေကြတာလေ..."

"အာ.....ဟုတ်ပါပြီ....တကယ်ကောင်းရင် များများစားကြပါဗျ..."

"ဟုတ်ကဲ့ အကိုလေး...""

မိန်းကလေးနှစ်ယောက်တင်မဟုတ် ဦးလေးနှင့်ဒေါ်ဒေါ်တို့ကပါ အကိုလေးဟူသော နာမ်စားကို
ပါးစပ်ဖျားမှမချလေတော့ အားနာရပြန်သည်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now