[Unicode]Life Blood ❣️ Ep-18
ကျန့်ရဲ့ မျက်ဝန်းတွေကို
သူဖတ်နေမိသည်။
ဘာအဖြေလွှာမှ နှုတ်ခမ်းပါးကထွက်ကျမလာသလို
တုတ်တုတ်မျှမလှုပ်သည့် ခန္ဓာကိုယ်လေးဟာ
ကျောက်သားပမာ....
ကျန့်သူ့ကိုချစ်တယ်ဆိုတာ စိတ်ထဲကအကြွင်းမဲ့ယုံကြည်နေသည်။
ဒီမျက်ဝန်းတွေကတစ်ဆင့် ဟိုးနှလုံးသားထဲထိသူမြင်နိုင်အောင် ကြိုးစားရှာဖွယ်နေမိ၏။သူတွေ့ရှိခဲ့ပြီ ဒီချစ်ခြင်း ဒီမေတ္တာတရား....!
အချစ်ဆိုတဲ့အရာကတကယ်ကို အင်အားကြီးတယ်
ချစ်ခြင်းတရားတွေဟာ ထပ်တူကျနေခဲ့ရင်
ဖွင့်ပြောစရာမလိုပဲ သိရှိနိုင်တယ်မဟုတ်လား။
သူ ကျန့်ရဲ့ကိုယ်လေးကို ထွေးပွေ့ထားလိုက်တော့...."အိပ်မက်လား...."
"ချစ်တယ်...ကျန့်..."
"အဟင့်......"
ရှိုတ်သံလေးနှင့်အတူ ကျန့်ရဲ့ကိုယ်လေးတုန်သွားသည်။
ကျန့်က သူ့ကို တင်းကျပ်စွာပွေ့ဖက်လာပြီး သူ့ပခုံးပေါ်ခေါင်းမှောက်ချကာ
ရှိုတ်ငိုတော့၏။"ဟင်...ဘာလို့ငိုတာလဲ..."
"ပျော်...အင့်..ပျော်လို့...ချစ်တယ်...ကျွန်တော်လေ...ဟင့်...ခင်ဗျားကို ဘယ်...ဘယ်ချိန်တည်းက ချစ်နေမိမှန်း...မသိလိုက်ဘူးဗျ...အီးးးးး"
"ဟော...."
သူလည်းတင်းကျပ်စွာ ပြန်ဖက်ထားပြီး
ကျန့်ရဲ့ကျောလေးကို ပုတ်ကာ ချော့ပေးနေမိတယ်။
ဘယ်လောက်တောင် နွေးထွေးလိုက်သလဲ
ကိုယ်ချစ်နေရတဲ့သူက ကိုယ့်ကိုချစ်မိပြီးသားတဲ့
ဒီချိန်တွေဟာ တကယ်ကို ပြည့်စုံမှုကြီးပါပဲ။
ကျန့်ရဲ့ ရှိုတ်ငိုသံတွေဟာ ခုချိန်မှာ
သူ့အတွက်တော့ ကြည်နူးစရာအကောင်းဆုံး သံဇဉ်တွေလိုပဲ
လှိုက်ဖိုခုန်မင်စေတယ်။
သူ့ပခုံးပေါ်ဆင်းသက်စိုစွတ်လာတဲ့ ကျန့်ရဲ့မျက်ရည်စတွေဟာ သူ့ဘဝတစ်ခုလုံးအတွက် အဓိကဖြစ်တည်မှုကို
ကိုယ်စားပြုစေတယ်။အချိန်အတော် ကြာသည်အထိ
ငိုနေသူရဲ့လက်တွေဟာ အနည်းငယ်ပြေလျော့လာသည်မို့
မလွတ်ချင်သော်ငှား ကိုယ်ချင်းခွာပေးလိုက်ရသည်။မျက်နှာချင်းဆိုင်အနေအထားမှာပဲ
ငိုနေခဲ့သောသူရဲ့ မျက်ရည်စတွေကို သူ့ရဲ့လက်တွေနဲ့ ညင်သာစွာခပ်ဖွဖွသုတ်ပေးတော့....
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)