[Unicode]Life Blood ❣️ Ep-19
"ဒေါက်....ဒေါက်...ဒေါက်..."
ရှောင်ကျန့်အိပ်ပျော်ခါနီးအချိန်မှ
အပြင်မှအခန်းတံခါးခေါက်သံကြောင့်
အိပ်ယာထဲမှ အိပ်ချင်မူးတူးလူးလဲထကာ
တံခါးဖွင့်ပေးရသည်။
တစ်နေကုန်လျှောက်လည်ထားလို့ထင်၏။
သူအနည်းငယ် ပင်ပန်းပြီး စောစောအိပ်ချင်နေတာပင်။"ဟင်...အိပ်ပျော်နေတာလား....ကိုယ်ကမအိပ်သေးဘူးထင်တာ.. "
အိပ်ချင်မူးတူးဖြင့်
မျက်လုံးတွေကို လက်ဖမိုးနှင့်ပွတ်သပ်နေတဲ့သူ့ကိုကြည့်ပြီး
ဝမ်အစ်ကိုကြီးက ဂရုတစိုက်ပြောလာတာမို့
သူ့မှာ ကြည်နူးပီတိဖြစ်ရပြန်သည်။"ဝမ်အစ်ကိုကြီးရော...ခုချိန်ထိမအိပ်သေးဘူးလား...ဗိုက်ဆာလို့လား တစ်ခုခုဆင်းလုပ်ပေးရမလား.."
"ရော...မေးခွန်းတွေက များလိုက်တာ ဒီတိုင်းအခန်းဝမှာပဲ ပိတ်နေတော့မှာလား..."
"ဟင်..."
တံခါးကို သူ့တစ်ကိုယ်စာလေးပဲဖွင့်ပြီး
ပိတ်ရပ်နေတာကြောင့် ဝမ်အစ်ကိုကြီးကပြောနေတာပင်။
သူ ဘာလုပ်ရမှန်းတကယ်မသိ
တံခါးပဲဖွင့်ပေးရမလား သူပဲအပြင်ထွက်ရမလား
တွေဝေနေတုန်းမှာပဲ ဝမ်အစ်ကိုကြီးက သူ့အနားတိုးကပ်လာတာမို့ သူလည်းအလိုက်သင့် တံခါးဖွင့်သလိုဖြစ်သွားပြီး ခြေလှမ်းတွေ နောက်ဆုတ်ရင်း...
ဝမ်အစ်ကိုကြီးက အခန်းထဲရောက်သည်နှင့် တံခါးကိုပိတ်ကာ သူ့ခါးလေးကို အသာအယာဆွဲဖက်လာတော့
သူ့မှာ ရင်တွေခုန်ကာ နေရခက်လာသည်။ဒါ ဘယ်လိုအခြေအနေကြီးလဲ...
သို့သော် မရုန်းမိပါ။"ကိုယ် ဒီမှာလာအိပ်တာ...မွစ်..."
ပြောလည်းပြော ခပ်ဖွဖွနှုတ်ခမ်းချင်း လာထိတွေ့သောအခါ
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထကာ
ဝမ်အစ်ကိုကြီးရဲ့ ရင်ဘက်အား အနည်းငယ် တွန်းလိုက်မိပြီး
သူ့အပြုံးတွေက ရပ်တန့်၍မရတော့ပါ။"ကျွန်တော်...မနေတတ်ဘူး..."
"ဒါဆို...နေသားကျအောင်ပိုပြီးလေ့ကျင့်ပေးရမှာပေါ့မဟုတ်ဘူးလား..."
"အာ...ခင်ဗျားကြီး..."
သူရယ်လည်းရယ် ရှက်လည်းရှက်လာသလို
ယခုလို ရင်ခုန်စရာအခြေအနေတွေကို ယောင်လို့တောင်
သူမတွေးဖူးတာမို့ တကယ်လက်တွေ့မှာ
သူအမှန်ပင် အနေရခက်၏။
ရုန်း၍တော့မထွက်မိပါ
ဝမ်အစ်ကိုကြီးကလည်း သူ့ခါးနဲ့ကျောပြင်ကို တင်းကြပ်စွာ
ပွေ့ဖက်ထားတာပင်။
ဘယ်လိုနှင်ထုတ်ရပါ့မလဲ ဒီလိုသာဆို
သူတစ်ညလုံး အိပ်ပျော်တော့မှာမဟုတ်ပါ။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)