Ep>21❣️

1.3K 90 2
                                    

[Unicode]Life Blood ❣️ Ep-21

"ကျန့်...ကိုယ် ဒီနေ့ အိမ်ပြန်နည်းနည်းနောက်ကျလိမ့်မယ်...လာမကြိုဖြစ်လို့တောင်းပန်ပါတယ်..."

"အာ....မဟုတ်တာ...ကျွန်တော်နားလည်ပါတယ်..မနက်ဖြန်ကုန်တိုက်ကိစ္စအလုပ်ရှုပ်နေမှာ စီစဉ်တာ အဆင်ပြေရဲ့လား..."

ရှောင်ကျန့် Basketball လေ့ကျင့်ရေးဆင်းနေတုန်း
ဝမ်အစ်ကိုကြီးဆီမှ ဖုန်းဝင်လာ၍ပြန်ဖြေနေတာဖြစ်သည်။
ဝမ်အစ်ကိုကြီးက မနက်ဖြန် အသစ်ဖွင့်မည့်စားဖွယ်စုံကုန်တိုက်အတွက် ဒီနေ့မှာစီစဉ်နေရတာဖြစ်၏။

"ပြေတာပေါ့ ...ကိုယ်ရဲ့ကျန့်ကလဲ အများကြီးကူညီထားတာ..."

"ဟား...ဟား....ဟုတ်ပါပြီ ဒါဆို ဘိုင်ဘိုင့် ကျွန်တော်လည်း ခဏနေ အိမ်ပြန်တော့မယ်..."

"အွင်း...ကိုယ်အိမ်ပြန်နောက်ကျလို့ အဆင်ပြေရဲ့လား..."

ဝမ်အစ်ကိုကြီး ဘာကိုရည်ရွယ်တယ်ဆိုတာ ရှောင်ကျန့် သိသည်။

"စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေအောင်နေတတ်ပါတယ်"

"ကိုယ် စိတ်ချလို့ရတယ်မလား..."

"ကျွန်တော်က ကလေးလား..."

"ကိုယ့်အတွက်တော့ ကလေးပဲ..."

"အာ...ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော် ဖုန်းချလိုက်တော့မယ်..."

ဝမ်အစ်ကိုကြီးနှင့်‌ဖုန်းပြောအပြီး ပီတိပြုံးတွေဝေရင်း
သက်ပြင်းခပ်ဖွဖွလေးပါချမိသည်။

"ဟေ့ကောင်...ရှောင်ကျန့် ဖုန်းပြောနေတဲ့မျက်ခွက်ကလဲ ပျားရည်လောင်းချထားသလိုပဲ..."

ကျန်းချန်မှ အနားလာကာ ပခုံးကိုပုတ်၍
တရားခံစစ် စစ်မေးလာတော့
ရွှယ်ယန်ကပါ သူ့အားမေးငေါ့မေးသည်။

"အွင်း...သူဒီနေ့လာမကြိုနိုင်တဲ့အကြောင်းလှမ်းပြောတာ.."

ရှောင်ကျန့်သည် သူငယ်ချင်းတွေအား ဝမ်အစ်ကိုကြီးနှင့်သူရဲ့ပတ်သတ်မှုအလုံးစုံကို ဖွင့်ပြောဝန်ခံပြီးဖြစ်သည်။
နားလည်ပေးကြတယ်ဆိုပေမယ့် ကျန်းချန်ကတော့သူ့အကျင့်တိုင်း အနည်းငယ်ဆူသည်"အစကတော့ ကြည့်မရဘူး ကြည့်မရဘူး ခုကျ လင်ပါတော်ချင်ပြီပေါ့"ဟုပင်....!
ပြီးနောက် "သူ့အသိုင်းအဝိုင်းက မင်းကိုလက်ခံနိုင်မှာလား..."ဆိုသောမေးခွန်းများလည်း ပလုံစီမေးတော့သူအနည်းငယ် ဆွံ့အနေခဲ့မိသည်။
အချစ်ရဲ့မျက်နှာတစ်ခုတည်းနဲ့ သူရူးမိုက်ဖို့ကြုးစားနေခဲ့တာ
တကယ်တမ်းတွေးကြည့်လိုက်တော့
ကျန်းချန်ရဲ့အပြောအဆိုတွေကြောင့်ပင် သူမေ့ထားမိခဲ့တာတွေကိုတွေးပြီး တစ်နေ့လုံးနေထိုင်မကောင်းရင်ဘက်တစ်နေရာက နာကျင်နေခဲ့သလိုရှိပေမယ့်
ဖုန်းထဲမှ ဝမ်အစ်ကိုကြီးအသံ ကြားလိုက်ရတာနဲ့တင်
အရာအားလုံးကိုရင်ဆိုင်ပစ်ချင်တဲ့ ခွန်အားတွေရလိုက်သည့်နှယ်။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now