[Unicode]Life Blood ❣️ Ep-34
"ဟမ်..."
ရီဝေနေသော သူ့မျက်လုံးတွေ ပြာဝေကုန်သည်။
လှုပ်လှုပ်ရှားရှားဖြစ်သွားသည့် ဘယ်ဘက်ရင်အုံက
လုံးဝ ငြိမ်သက်သွားခြင်းမရှိ။
သို့သော် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုအတိကျရောက်နေပြီး သူတို့နှစ်ယောက်ရဲ့အကြည့်တွေဟာလည်း
မျက်နှာလွှဲခြင်းရှိမနေခဲ့။အံ့ဩမှင်သက်စွာငေးကြည့်ကာ ငြိမ်သက်နေမိရင်းမှ
ဝမ်အစ်ကိုကြီးဟာ သူ့ရဲ့ဘောင်းဘီအိပ်ထဲမှ
အနီရောင်ကတ္တီပါဗူးလေးကို ထုတ်၍ဖွင့်ကာ
ကျန့် ရဲ့ရှေ့ မုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး..."ကိုယ့်တစ်ဘဝလုံး ကျန့် စီမှာ ပုံအပ်ခွင့်ပေးပါ..."
"....."
သူမထင်ထားပါ မျော်လည်းမျော်လင့်မထားခဲ့မိပါ
ပိုင်ဆိုင်လိုစိတ် အတ္တရှိခဲ့ပေမယ့် ခုလောက်ထိမမျော်မှန်းရဲခဲ့တာ သူဝန်ခံ၏။
ရင်တွင်း တစ်လက်လက်နှင့်ခုန်မင်မှုတွေဟာ
ထိန်းချုပ်၍မရတော့တဲ့အခါ ဝမ်းသာမှုတွေက မျက်ရည်အဖြစ် စီးဆင်းလာခဲ့သည်။သူ ဝမ်အစ်ကိုကြီးရဲ့တောင်းဆိုမှုကို
ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်မိပြီး
ဝမ်အစ်ကိုကြီးနှင့် ထပ်တူ ဒူးထောက်ချလိုက်တော့တယ်။သူဘယ်လို ငြင်းဆန်နိုင်မှာတဲ့လဲ!
သူ ဝမ်အစ်ကိုကြီးကို သိပ်ချစ်တာလေ!ခုချိန်မှာ ပတ်ဝန်းကျင်တစ်လုံး တိတ်ဆိတ်စွာ
သူတို့နှစ်ယောက်တည်း ရှိနေသယောင်!"ကျွန်တော့ အသက်နဲ့ခန္ဓာ တစ်သက်စာလုံး ဝမ်အစ်ကိုကြီးကို အပိုင်ပေးပါတယ်...အင့်..."
သူ့နှလုံးသား ဆန္ဒအလိုအတိုင်း မုသားကင်းစွာ
ဝန်ချလက်ခံမိသည်။
ရင်ခုန်ကြည်နူးခြင်းတွေဟာ
စကားလုံးအဆုံး ရှိုက်သံပဲ့တင်သွားရသည်ထိပင်!ဝမ်အစ်ကိုကြီးက သူ့ရဲ့မျက်ရည်တွေကို အသာအယာသုတ်ပေးပြီး ကတ္တီပါအနီရောင်ဗူးလေးထဲရှိ ဆင်တူလက်စွပ်နှစ်ကွင်းမှ တစ်ကွင်းကိုထုတ်ကာ သူ့ရဲ့လက်သကြွယ်မှာ ဝတ်ဆင်ပေးလာပြီး
ကျန်ရှိနေသေးသည့် လက်စွပ်တစ်ကွင်းကိုတော့ ဝမ်အစ်ကိုကြီးက သူ့လက်ထဲထည့်ကာ
လက်ကလေးပါဖြန့်၍ရှေ့ထိုးပေးလာသည်မို့
သူလည်း ခေါင်းတဆက်ဆက်ညိတ်ကာ ဝမ်အစ်ကိုကြီးအား
ဆင်တူလက်စွပ်လေး ပြန်ပြီးဆင်မြန်းပေးလိုက်၏။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)