[Unicode]Life Blood ❣(Ep>1)
ဘဝဆိုတာ ရှိနေသရွေ့ အခက်အခဲဆိုတာ
တစ်ကြိမ်မက တွေ့ကြုံနေကြရဦးမှာပဲတဲ့
ပါပါးက ပြောဖူးတယ်
လူတစ်ယောက်ဟာ အခက်ခဲတစ်ခုကို
ကျော်လွှားပြိးတိုင်း ကိုယ်ရည်ကိုယ်သွေးတွေဟာ
Level ပိုမြင့်လာသတဲ့
ထို့ကြောင့် ဘယ်လိုအခက်ခဲပဲလာလာ
ကိုယ်စွမ်းရော ဉာဏ်စွမ်းတွေပါ သုံးပြီး
ကျွန်တော်တို့က
ကျော်လွှားနိုင်အောင် ကြိုးစားရမည်။~~~~~~~~~~
"အာ...အလုပ်ကဘာလို့ အချိန်ဇယားအဆင်မပြေရတာလဲကွာ..... ကျစ်..''
မသပ်မရပ် အခန်းကျဉ်းလေးထဲ
ရှောင်းကျန့် တစ်ယောက်
သုံးနှစ်လောက် သူနှင့်အတူ ကိုယ်နှင့်မကွာရှိလာခဲ့တဲ့
ဖုန်းစုတ်လေး Screen ပေါ် သွယ်လျသောလက်မလေးနှစ်ချောင်းဖြင့် တစ်ဖြောက်ဖြောက်နှိပ်ကာ ''အချိန်ပိုင်း အလုပ်အကိုင်''
ရှာဖွေနေခြင်းဖြစ်သည်။ရသမျှအလုပ်တွေလည်း သူလက်လွှတ်တာမရှိ
Coffee ဆိုင် Beer bar
အရုပ်ဆိုင် စားသောက်ဆိုင် အတော်များများမှာလည်း
သူအလုပ် ဝင်မလုပ်ဖူးသည့်နေရာ မရှိသလောက်ရှားတာလည်းအမှန်ပင်။
သူတစ်ယောက်တည်းဆိုလျင် အရေးမဟုတ်
ချုံချင်းမြို့မှာကျန်နေခဲ့တဲ့ ပါးနှင့်မားဆီလည်းထောက်ပံ့ပေးချင်သေးသည်။
အဆင်မပြေတဲ့ကြားက
သူ့အတွက် လစဉ်ငွေလွဲပေးနေတဲ့ပါးနှင့်မားကိုလည်း
သူသိတတ်မှ ဖြစ်လိမ့်မည်။
ကျောင်းမပြီးခင်အထိတော့ သည်လိုပဲ
အားသွန်ခွန်စိုက် ကြိုးစားရပေဦးမည်။
ကျောင်းပြီးရင်တော့ ကောင်းမွန်တဲ့အလုပ်လေးတစ်ခုရဖို့
မျော်လင့်ပါ၏။Ring. ...Ring. ..Ring....
"သားလေး...အဆင်ပြေရဲ့လား ''
"ဟုတ်...သား ပါးနဲ့မားကို အရမ်းသတိရတယ် ''
"အိုက်ယား...ငါတို့ကျန့်ကျန့်လေး ပိန်သွားလိုက်တာ...''
VC ပြောရင်း မျက်နှာလေးတွေရှောင်ကျသွားသော
ရှောင်းကျန့်ကို မားကစိတ်ပူစွာပြောသည်။"စိတ်မပူပါနဲ့ သား နေကောင်းပါတယ် ကျောင်းပိတ်ရက်ရှည်ကျရင် အိမ်ပြန်ခဲ့ပါ့မယ့် အဲတော့မှ မားလက်ရာ အဝစားပစ်မယ်..သားက မားလက်ရာလွမ်းနေလို့ နည်းနည်းဆို နည်းနည်းလေးပဲပိန်သွားတာပါ....''
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)