Ep>22❣️

1.2K 88 13
                                    

[Unicode]Life Blood ❣️ Ep-22

သူဒီနေ့ ဝမ်အစ်ကိုကြီးမနိုးခင်
အစောကြီးထကာ မနက်စာပြင်ဆင်ထားခဲ့ပြီး
ကျောင်းကို စောစောထွက်လာခဲ့တာဖြစ်သည်။
‌ကျန်းချန်တို့နှင့်အမြဲထိုင်နေကျ ကော်ဖီဆိုင်မှာ ဝင်ထိုင်ပြီး သူကြိုက်တဲ့ ကိတ်လေးမှာစားရင်း ကျန်းချန်တို့ကို
ထိုင်စောင့်နေလိုက်သည်။
သိပ်မကြာလိုက်ပါ ရောက်ချလာကြတာပင်။

"ဟ...‌အစောကြီးပါလား.. ငါတို့အမြင်မှားတယ်တောင်ထင်နေတာ..."

ရွယ်ယန်ပြောစကားအား ရှောင်ကျန့်မတုန့်ပြန်မိ
ခပ်ယဲ့ယဲ့အပြုံးနှင့်သာ ခေါင်းခါသည်။
ပုံမှန်ဆိုလျှင် ရှောင်ကျန့်ဟာ သွက်လက်သူပီပီ
အနည်းဆုံးတော့"ငါ့လို အချောကြီးကို လူမှားစရားလား..."ဟုပင် ပြောပေလိမ့်မည်။

"ငြိမ်လှချည်လား...ဘဲကြီးလ်ိုက်မပို့ဘူးလား ငါတို့နဲ့လည်း မိတ်ဆက်ပေးသင့်တယ်.."

"အေးလေ.…

ကျန်းချန်ပြောတော့ ရွှယ်ယန်ကပါ ဝင်ထောက်ခံသည်။

"မင်းတို့ ဘာစားမှာလဲ မှာလေ..."

သိသိသာသာစကားလမ်းကြောင်းလွဲလိုက်သည့်သူ့ကို
တရားခံစစ် စစ်သလို အကြည့်တြွေဖင့် ကြည့်လာကြတာပင်။
သူ့ပုံစံကိုအလွတ်ရနေပြီးသားဖြစ်တဲ့ ဒီနှစ်ကောင်ကိုတော့ ဖုံးကွယ်လို့လဲမရသလို
လိမ်ညာလို့လည်းမနိုင်ပါ အရင်းနှီးဆုံး သူငယ်ချင်းတွေပဲမဟုတ်လား ...!

"ငါ...အဲဒီအိမ်မှာ မနေဖို့ ဆုံးဖြတ်လိုက်ပြီ..."

"ဘာဖြစ်ပြန်တာလဲ.မင်းတို့ချင်းအဆင်မပြေကြလို့လား .."

ရှောင်ကျန့် တိတ်ဆိတ်နေမိသည်။
သူ ဘယ်ကစ ရှင်းပြရမည်နည်း
သက်ပြင်းမောကြီးချမိသည်။
ဒါကို ကြည့်ပြီး ကျန်းချန်က

"ဘာလဲ မနေ့က ငါပြောလိုက်မိတဲ့စကားတွေကြောင့် မင်းတွေဝေသွားတာလား..."

သူထပ်ပြီး ခေါင်းခါမိသည်။
ဝန်မခံချင်ပါ
သေချာသည်က ခုချိန်ထိ ကျန်းချန်ပြောစကားတွေရော
မားရဲ့ စကားလုံးတွေပါသူ့ခေါင်းထဲ သံမှိုစွဲရိုက်ထားသကဲ့သို့
စွဲမြဲစွာ စိတ်ဖိစီးနေတာအမှန်ဖြစ်၏။

Lifeblood ❣️ (Yizhan) (Completed)Where stories live. Discover now