[Unicode]Life Blood ❣️ Ep>13
"ဟိတ်...ယူရဲ့မနက်စာက ဒါပဲလား..."
ရှောင်ကျန့် ကော်ဖီဖျော်နေတုန်း
နောက်ကျောမှ ကြားလိုက်ရသည့်အသံကြောင့်
လှည့်ကြည့်မိရာ မိန်းကလေးရှင်းဝေက
စားပွဲခုံကို လက်တစ်ဖက်ထောက်ကာ
တစ်ဖက်ကခါးကိုထောက်၍ စားပွဲပေါ်ရှိစားစရာများကို
ကြည့်လိုက် သူ့ကိုလှောင်သလိုကြည့်လိုက်ဖြင့် ခနဲ့သည်။"ယူ လုပ်တတ်တာ ဒါပဲလား..."
ပြောလည်းပြော လက်ပိုက်ကာ
ဖြည်းဖြည်းချင်း သူ့အနားလျှောက်လာသည်။
စောစောစီးစီး ထလာပြီး သူ့အား လာနှိပ်ကွပ်သည်လား
သူ ဘာမှတော့ ပြန်မပြောဖြစ်ပါ
ဒါကို မိန်းကလေးရှင်းဝေက ကျေနပ်ပုံမရ"ဒါနဲ့ ယူက ဒီကို ဘယ်လိုအဆက်အသွယ်နဲ့ရောက်လာတာလဲ.."
"ဦးလေး အဆက်အသွယ်နဲ့...'
"တို့ ကြည့်ရတာတော့ ယူက အဲလောက်လည်းတော်မနေပါဘူး ဝမ်ကဘာလို့ခေါ်ထားရတာလဲ..."
မိန်းကလေးရှင်းဝေသည် သူ့အား
ဘာကိုဖြေစေချင်တာလည်း မတွေးတတ်ပါ။
သူမရဲ့စကားတွေက သူ့အတွက် ဖြေရခက်၏။
သေချာတာ သူမတော်ဘူး ဟုတ်သည်
ဝမ်အစ်ကိုကြီး ဘာလို့ခေါ်ထားတာလည်း ဆိုတာကတော့...."တို့မေးတာ ကြားလား..."
"ကြားပါတယ် ဘာလို့ခေါ်ထားတာလဲ ဆိုတာကတော့ ဝမ်အစ်ကိုကြီးကို မေးတာ ပိုကောင်းပါလိမ့်မယ်..."
သူမ ပါးတစ်ဖက်က သိသိသာသာရွဲ့သွားတာ သူမြင်ဖြစ်အောင်မြင်လိုက်သည်။
သူက ယောကျာ်းလေး မိန်းကလေးတစ်ယောက်နဲ့စကားပြိုင်လုဖို့ရာ မသင့်တော်ဘူးဟုထင်မိ၏။ထို့တွင် သူကပဲ အလျှော့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"နောက်နေ့ အစ်မရှင်းဝေ စားချင်တာ ရှိရင် ကျွန်တော့ကိုပြောပါ ကျွန်တော် ပြင်ဆင်ပေးထားပါ့မယ်..."
သူမကဟက်ခနဲ့ ရယ်ကာ တစ်ဖက်သို့လှည့်သွားပြန်သည်။
သူလည်းကော်ဖီဖျော်ပြီးသားကို ကြွေကရားထဲထည့်ကာ
စားပွဲပေါ်တင်ရန် အလှည့် သူမဟာ
သူ့လက်ကို အားကုန်ရိုက်ချပစ်လိုက်တာဖြစ်သည်။
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)