[Unicode]Life Blood ❣️ Ep-23
"ကျန့်...ဒီမှာ ထိုင်ရအောင်.."
လုပ်ငန်းရှင်တစ်ချို့နှင့် အတူဝိုင်းထိုင်ရန်
သူပြောတော့ ကျန့်က ခေါင်းညိတ်သည်။
ထိုင်ခုံအသာ ဆွဲထုတ်ပေးတော့ အားနာသလို ကြည့်ပြန်၏။
ဒီကောင်လေး ဒီရက်ထဲ အဆင်ပြေမနေတာ သူသတိထားမိသည်။
ခုရက်ထဲ
စကားတွေလည်း အများကြီးမပြောဖြစ်
ဒီပွဲပြီးမှ သေသေချာချာ အချိန်ပေးရမည်ထင်။
ကျန့်က လူငယ်လေးဆိုပေမယ့် စီးပွားရေးအမြင်လည်းရှိသလို ချက်ပြုတ်မှုမှာလည်း ကျွမ်းကျင်တာပင်
ကိတ်မုန့်လေးတွေဖုတ်တတ်သေး၏။
ဒီကောင်လေးက ဒီကုန်တိုက်ထဲက နံရံပန်းချီဆွဲထားတဲ့ ကော်ဖီဆိုင်ခန်းကို သိပ်သဘောကျနေတာ
သူ့အထင် ကျန့်က ကော်ဖီဆိုင်ဖွင့်ချင်နေတာများလားဟုပင်
တွေးမိလာသည်။ဒီနေ့ ကျန့်ဟာ သိပ်ကို တည်ငြိမ်လှသည်။
ဂျစ်ကန်ကျန် ကောင်လေးမဟုတ်တော့ပေယခု သူတို့နှင့်တစ်ဝိုင်းတည်းထိုင်နေသည်က
ကုန်တိုက်မှာတင်ရောင်းမည့် Ready-madeစားသောက်ကုန်တွေကို တင်သွင်းပေးပြီး တစ်စိတ်တစ်ပိုင်းရှယ်ယာဝင်ချင်သူများပင်ဖြစ်၏။
ထိုအထဲတွင် ကျူးယဲ့မိန်းကလေးပါ ပါဝင်လာခဲ့သည်။
ကျူးယဲ့ ဆိုတာ ပါးရဲ့အထည်ချုပ်ကုမ္ပဏီမှာ ရှယ်ယာဝင်ခဲ့သူဖြစ်ပြီး ကျန့် အချိန်ပိုင်းစားပွဲထိုးလုပ်ခဲ့သည့် စားသောက်ဆိုင်မှာ စာချုပ် ချုပ်ခဲ့သူဖြစ်သည်။
ထိုမိန်းကလေးက ခေတ်သစ်လူငယ်တွေကြားရေပန်းစားနေတဲ့ designer တစ်ဦးဖြစ်ကြောင်းပါသူသ်ိထား၏။
designerတစ်ဦးအလုပ်နှင့် မသက်ဆိုင်သော
စားသောက်ကုန်သပ်သပ်ကုန်တိုက်မှာ သူမ ဘာကြောင့် ရှယ်ယာဝင်ဆန့်ချင်လည်းဆိုတာ ရိပ်မိသင့်သလောက်တော့ ရိပ်မိသည်။
ခုလည်း သူမရဲ့အကြည့်တွေက ကျန့်ဆီကို စူးစမ်းနေတာ
နည်းနည်းမှမကြိုက်ပါ။"Mr ဝမ် သူက အတွင်းရေးမှူးများလား.သူ့ကိုဘယ်မှာတွေ့ဖူးတာပါလဲ..."
သူမရဲ့ စကားကြောင့် တစ်ခြားသူတွေကပါ စူးစမ်းသောအကြည့်များဖြင့် စိတ်ဝင်တစားရှိနေကြသလိုပင်
တစ်ချို့လူတွေဟာ ကိုယ်နဲ့ဘာမှမဆိုင်တဲ့ကိစ္စကို
အင်မတန် စပ်စုချင်ကြသည်လား!
သူပြန်ဖြေမည်အပြု
တစ်ချိန်လုံး ငြိမ်နေသော
ကျန့်က...
YOU ARE READING
Lifeblood ❣️ (Yizhan) (Completed)